26 April 2024

ဝန်ကြီးချုပ်ပရာရွတ်နှုတ်ထွက်ရေးအပါအဝင် ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေကို အချုပ်ထဲက အာမခံဖြင့် ထုတ်နိုင်ဖို့ ထိုင်းကျောင်းသားတွေက ဦးဆောင်ပြီး ယမန်နေ့ညက အွန်လိုင်းပေါ်တွင် အလှူခံခဲ့ရာ ၃ နာရီ အတွင်း ဘတ် ၁၀ သန်းကျော် အလှူငွေလက်ခံရရှိခဲ့ပါတယ်။

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမ္မဂ ခေါင်းဆောင် ပင်ဂွင်း(အမှုပေါင်း ၉ မှု) နှင့် ရှေ့နေ မစ္စတာ အာနွန် (အမှုပေါင်း ၈ မှု) တို့ကို ၂၀၂၂ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ရာဇဝတ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့ ၂ ဦးကို တရားရုံးက ည ၂၁.၀၀ အချိန်မှ နံနက် ၆.၀၀ နာရီအချိန်ထိ နေအိမ်အကျယ်ချုပ်၊ ထိုင်းဘုရင်စနစ်ကိုထပ်မံမဝေဖန်စေခြင်း၊ ဆန္ဒပြပွဲများကိုဆက်လက်ဦးမဆောင်စေခြင်း၊ နိုင်ငံရပ်ခြားထွက်ခွင့်မရှိခြင်း၊ စတဲ့ ပြစ်မှုတွေအပြင် အာမခံဖို့ စုစုပေါင်းဘတ်ငွေ 2,079,000 ဘတ် ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် သူတို့အတွက် အာမခံငွေ ပေးသွင်းဖို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ထိုင်းလူငယ်တွေက ဦးဆောင်ပြီး အွန်လိုင်းပေါ်တွင် ညတွင်းချင်း အလှုခံခဲ့ရာ ၃ နာရီအတွင်း ဘတ် ၁၀ သန်းထိ အလှူငွေလက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS