3 May 2024

လူကယ်ရီနှင့်အတူ ထိုင်းနိုင်ငံသားကတ်ပြားကိုင်ဆောင်ပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁ ဦးကို ယမန်နေ့ညက ဖမ်းဆီးနိုင်ခဲ့သည်ဟု တာ့ခ်ခရိုင် လဝက မှ ထုတ်ပြန်ထားသည်။

လွန်ခဲ့သော ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဘန့်ဟွေးဟင်းဖွန်းရွန့်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးတပ်ဖွဲ့က ဘတ်စ်ကားတစ်စင်းပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်များကို စစ်ဆေးရာက အသက် ၂၀ နှစ်အရွယ် ထိုင်းနိုင်ငံသူ လူကယ်ရီ ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြ ထားသည်။

 

တချိန်တည်းတွင် သူမနှင့်အတူလိုက်ပါလာသော အသက် ၂၀ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါမြန်မာအမျိုးသားသည် ထိုင်းနိုင်ငံသားတစ်ဦး၏နိုင်ငံသားကတ်ပြားကို ကိုင်ဆောင်ထားဟု စစ်ဆေးတွေ့ရကြောင်း ဖော်ပြထားသည်။

ထိုင်းအမျိုးသမီးအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နိုင်ငံခြားသားခေါ်ဆောင်မှုဖြင့် စွဲချက်တင်ထားပြီး မြန်မာအမျိုးသားအား သူတပါးနိုင်ငံသားကတ်ပြားကိုင်ဆောင်မှုအပါအဝင် တရားမဝင် ဝင်ရောက်လာမှု

ဖြင့် စွဲချက်တင်ထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

Photo : Tak Immigration

SHARE THIS NEWS

OTHER NEWS