30 April 2024

ယနေ့ နေ့လယ် ၁၁:၄၅ နာရီ အချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ပါတန်အိမ်ရာရုံးဝင်းအတွင်း ၌ ဘုန်းကြီးတစ်ပါးမောင်းနှင်လာသော ပစ်ကပ်ကား ၁ စီးက ရုံးရှေ့တွင်ရပ်ထားသော မော်တော်ကား ၄ စီးနှင့် မော်တော်ဆိုင်ကယ် ၃ စီးကို တိုက်မိသည့်ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု ချင်းမိုင်နယူးစ်သတင်း ဌာနက ဖော်ပြထားသည်။

 

 

ချင်းမိုင်မြို့ နာမည်ကြီးဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဘုန်းကြီးတစ်ပါးက မောင်းနှင်လာသော กว 3557  နံပါတ်ပြားပါ တံခါးပေါက် ၄ ဘက် ပစ်ကပ်ကားတစ်စီးက အများပြည်သူမော်တော်ယာဉ်များကို ဝင် တိုက်မိပြီးနောက် ချန်းဖူရဲစခန်းမှရဲတပ်ဖွဲ့ရောက်ရှိလာပြီး အဆိုပါဘုန်းကြီးအား စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားသည်ဟု ဖော်ပြထားသည်။

 

SHARE THIS NEWS

OTHER NEWS