2 May 2024

မတ်လ ၈ ရက်၊ ၂၀၂၂

မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေဖြစ်သည့် မူတြော်-ဖာပွန်ခရိုင်ရှိ ကျေးရွာထဲကို ပစ်ခတ်မှုကြောင့် ပြည်သူ ခုနစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု Mizzima – News in Burmese ကဖော်ပြထားပါတယ်။

 

 

အဲဒီနေ့ရဲ့ ညနေ ၇ နာရီ ၂၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဘူးသိုမြို့နယ် ကလောဒေးကျေးရွာရှိ ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ လေးဦး ရှိခဲ့တယ်လို့ သတင်းအရသိရပါတယ်။

 

 

ဖေဖော်ဝါရီလတုန်းကလဲ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး အလုံး ၄၀၀ ကျော် ပစ်ခတ်မှုပြုလုပ်ခဲ့တယ်။ လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ထားတာပါ။

 

 

အဲဒီလမှာ နှစ်ဖက်လုံးထိတွေ့ ပစ်ခတ်တိုက် ခိုက်မှု ပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီတပ်နှင့် BGF တို့ဘက်က ၃၀၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂၀၉ ရှိခဲ့တယ်ဟု သိရပြီး (KNDO) တို့ဘက်ကလည်း ခြောက်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်တာကြောင့် KNU-ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာ ခရိုင်တို့အတွင်းက ပြည်သူဦးရေ ၇၀၀၀၀ ကျော်က ကျေးရွာများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ စစ်ရှောင်များကို ကူညီပေးနေသူများ၏ ပြောပြချက်များအရ သိရပါတယ်။

Ref: Mizzima – News in Burmese

ကိုချစ် (ဇွဲကပင်မြေ)

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS