3 May 2024

,

အိမ်ရှင် ကာတာအသင်းအပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းပေါင်း ၂၇ သင်းရှိလာ။

၂၀၂၂ နှစ်ကုန်ပိုင်းမှာ ကာတာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းပေါင်း ၂၇ သင်းရှိလာခဲ့ပြီဖြစ်ပါတယ်။

ဉပရောပဇုန်မှာတော့ ဂျာမနီ၊ ဒိန်းမတ်၊ ဘယ်လဂျီယံ၊ ပြင်သစ်၊ ခရိုအေးရှား၊ စပိန်၊ ဆားဗီးယား၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ နယ်သာလန်စတဲ့နာမည်ကြီးအသင်းတွေအပါအဝင် ပလေးအော့ဖ်အဆင့်ကခြေစစ်ပွဲ အောင်လာတဲ့ပေါ်တူဂီနဲ့ပိုလန်အသင်းတို့ ပါဝင်လာပါတယ်။

အစဉ်အလာကြီးမားတဲ့ ယူရို ၂၀၂၀ ချန်ပီယံ အာဇူရီ အီတလီအသင်းကတော့ ကမ္ဘာ့ ဖလားပြိုင်ပွဲကို၂ ကြိမ်ဆက် လွဲချော်ခဲ့ပါတယ်။

တောင်အမေရိကဇုန်မှာတော့ နာမည်ကြီး ဘရာဇီးအသင်းနဲ့အာဂျင်တီးနားအသင်းတို့ မပျက်မကွက်ခြေစစ်ပွဲအောင်ထားသလို အီကွေဒေါနဲ့ဥရုဂွေးအသင်းတို့ခြေစစ်ပွဲအောင်ထားပါတယ်။

ခွဲတမ်း ၅ နေရာပါဝင်ခွင့်ရရှိထားတဲ့ အာဖရိကဇုန်မှာတော့ ဂါနာ၊ ဆီနီဂေါ၊ တူနီးရှား၊ မော်ရိုကို၊ ကင်မရွန်းစတဲ့အသင်းတို့ ပူပူနွေးနွေးခြေစစ်ပွဲအောင်ထားပါတယ်။

ခွဲတမ်း ၄ နေရာခွဲရရှိထားတဲ့ အာရှဇုန်မှာတော့ အီရန်၊ ဆော်ဒီ၊ တောင်ကိုရီးယားနဲ့ဂျပန်အသင်းတို့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားပြီး ယူအေအီးအသင်းနဲ့ဩစတြေးလျအသင်းတို့က ပလေးအော့ဖ်ကစားရမှာဖြစ်ပါတယ်။

မြောက်အမေရိကဇုန်မှာတော့ ကနေဒါတစ်သင်းတည်းသာ ခြေစစ်ပွဲအောင်ထားပြီးတော့ နောက်ဆုံးပွဲစဉ်အထိ အဖြေစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS