9 May 2024

၂၀၂၅ ခုနှစ် သယ်သူပို့ဆောင်ရေးကဏ္ဍမှာ စတင်အသုံးပြုလာမယ်လို့မှန်းဆရတဲ့ “မိုးပျံတက္ကစီ” သို့မဟုတ် “Air Taxi” ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ပထမအကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။ တကယ်လို့သာ “မိုးပျံတက္ကစီ” ကို သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဆင့်မြှင့်တင် အစားထိုး အသုံးပြုလာနိုင်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့ အများဆုံးဖြစ်တဲ့ အာရှာနိုင်ငံတွေမှာ ခရီးသွားချိန်ကို ပုံမှန်အချိန်ထက် ၂-၃ ဆထိ လျှော့ချနိုင်ရန်မျှော်လင့်ထားပါတယ်။

 

 

ဂျာမနီကုမ္ပဏီက ဒီယာဉ်ကို ဒူဘိုင်း၊ ဟယ်လ်စင်ကီ၊ ဂျာမနီနဲ့ လက်စ်ဗီးကစ်တို့မှာ စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ Volocopter ခေါ်တဲ့ မိုးပျံတက္ကဆီဟာ ဒေါင်လိုက်ပျံတက်တာ၊ ဆင်းသက်တာ လုပ်နိုင်မှာဖြစ်သလို ခရီးသည် (၂)ယောက် တင်ဆောင်ကာ (၃၅) ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်မှာပါ။ “မိုးပျံတက္ကစီ” ကို လေယာဉ်မှုးနဲ့ မောင်းနှင်နိုင်သလို အဝေးထိန်းစနစ်နဲ့ လည်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

 

၂၀၂၅ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံတွင်း မိုးပျံတက္ကစီကိုအစားထိုးအသုံးပြုသွားမယ်လို့ လွန်ခဲ့တဲ့နှစ်ကတည်းက တောင်ကိုရီးယားအစိုးရက ပြောခဲ့တာပါ။

 

 

 

 

Photo : Reuters

တကယ်လို့သာ မိုးပျံတက္ကစီကို သယ်သူပို့ဆောင်ရေးကဏ္ဍမှာ အသုံးပြုလာမယ် ဆိုရင် အရင်က ၁ နာရီခန့် သွားရတဲ့ ၃၀-၅၀ ကီလိုမီတာခရီးဟာ မိနစ် ၂၀ ခန့်ဟာ ကြာရှိတော့မှာပါ။

 

မိုးပျံတက္ကစီဝန်ဆောင်မှုကတော့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ် က ဆိုးလ်မြို့အထိကို ၁၁၀,၀၀၀ ဝမ် သို့မဟုတ် ဘတ်ဖြင့်တွက်လျင် ၃,၀၀၀ ဘတ်ခန့်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS