10 May 2024

2023 ခုနှစ် ဇန်နဝါရီလ 15 ရက်နေ့တွင် တစ်တော့အကောင့်ပိုင်ရှင် @wassana_353 သည် ဝမ်းနည်စရာကောင်း တဲ့ဖြစ်ရပ်တစ်ခုရဲ့ ဗီဒီယိုဖိုင်တစ်ခုကိုတင်ခဲ့ပါတယ်။ ဝယ်နေကျ အအေးဆိုင်တွင် Cocoa Smoothie ကို ဝယ်သောက်ပြီးနောက် စိတ်ပျက်စရာကောင်းတဲ့အရာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာ မမျိုချမိလို့တော်သေးတယ်လို့ဆိုပါတယ်။

.

ဗီဒီယိုဖိုင်တစ်ခုတွင် Cocoa Smoothieကိုဝယ်သောက်ပြီး သောက်ရာတွင် အအေးကိုပိုက်နဲ့စုပ်တဲ့အခါ အ‌အေးက ပိုင်းအတွင်းမတက်လာဘဲ ပိတ်နေတာကိုတွေ့ရပါတယ်။ ကိုကိုးကို စက်နဲ့ကြိတ်ရာတွင် ရေခဲအကုန် မကြေလို့ ရေခဲတုံးမှာပိတ်နေလားဆိုပြီး ဇကာထဲသို့လောင်းထည့်ပြီးတော့ကြည့်လိုက်တဲ့အခါမှ ခြစ်ထုတ်ထား တဲ့ အိုးတိုက်စတီးဖတ်တွေအများကြီးရှိနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့် အိုးတိုက်စတီးဖတ်တွေကို ဖယ်ထုတ်ပြီး တစ်ရှူးထည့်ကာ အများကြီးပဲ့ဆိုတာကိုတွေ့ရပါတယ်။

.

ထိုဗီဒီယိုဖိုင်ကို ပို့စ်တင်ပြီးနောက် ကွန်မန့်ပေးသူအများအပြားရှိခဲ့ပါတယ်။ ဆိုင်က ဘယ်လိုလဲ မသိဘူးလားလို့ မေးကြပါတယ်။ အဆိုပါ တင်ထားတဲ့ပို့စ်အောက်တွင် ဆိုင်ကအလုပ်သမားတွေသန့်ရှင်းရေးမလုပ်သည့်အတွက် အပြစ်တင်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပင် ဖျော်ရည်ရောင်းသူတစ်ယောက်က ဝင်လာပြီး ကြိတ်စက် Blender အိုးကို သန့်ရှင်းရေးလုပ်တုန်းက အိုးတိုက်စတီးဖတ် ကိုမသုံးတတ်လို့အခုလိုမျိုးဖြစ်လာကြောင်း ကွန်မန့်ဝင်ရေး ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS