12 May 2024

,

ဗီယက်နမ်လူမှုကွန်ရက်ပေါ်မှာရေပန်းစားနေတဲ့ ဆီးဂိမ်းကြိုးဝိုင်းနံဘေးက ထိုင်းအလှပဂေး။

ဗီယက်နမ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော်မှာ ထိုင်းကစ်ဘောက်ဆင်တပ်ဖွဲ့ရဲ့အောင်မြင်မှုနဲ့အတူ ဗီယက်နမ်လူမှုကွန်ရက်ပေါ်မှာလူပြောများ နေတာကတော့ ထိုင်းကစ်ဘောက်ဆင်အသင်း ဒုဥက္ကဋ္ဌနဲ့ဘဏ္ဍာရေးမှူးရာထူးကိုတွဲပြီးထမ်းဆောင်နေတဲ့ ပွတ်ကီး (ခ) ထိရာ ဘုယာနီကစ်တီကော် ရဲ့ရူပအလှပဲဖြစ်ပါတယ်။

နောင်းပွတ်ကီးဟာ ထိုင်းထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဓမ္မသတ်တက္ကသိုလ်ကနေ စီးပွားရေဥပဒေပညာကို အင်တာနေရှင်နယ်ပရိုဂရမ်နဲ့ကျောင်းပြီးထားတာဖြစ်ပါတယ်။

သူမဟာ ထိုင်းအားကစားလောကနဲ့မစိမ်းသူတစ်ယောက်ဖြစ်သလို ယခင်က The Lawn Tennis Association Of Thailand ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူးရာထူးကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဒါ့အပြင် အားကစားလောကကိုမြှင့်တင်စေချင်တဲ့ရည်ရွယ်ချက်အပါအဝင် ထိုင်းနိုင်ငံရဲ့ခရီးသွားနေရာတွေကိုပရိုမို့လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ Miss Tourism World 2022 ပြိုင်ပွဲ မှာ ဗန်ကောက်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေသူလည်းဖြစ်ပါတယ်။

ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ ဝိတ်တန်း ၁၂ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းကစ်ဘောက်ဆင်အဖွဲ့ဟာရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၆ ခု ဆွတ်ခူးနိုင်ခဲ့သလို ဝိတ်တန်းတိုင်းမှာဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ မှတ်တမ်းကိုရေးထိုးနိုင်ခဲ့ပါတယ်။

ထိုင်းကစ်ဘောက်ဆင်အဖွဲ့ကို နာမည်ကြီးမွေထိုင်းလက်ဝှေ့ကစားသမား ဘွာခေါင် ဘန်ချာမေ့ခ် က အသင်းမန်နေဂျာအဖြစ် တာဝန်ယူပြီး သွားရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS