29 April 2024

ရုရှားနဲ့ ယူကရိန်း စစ်ပွဲဆက်ဖြစ်နေချိန်မှာ နေတိုးမဟာမိတ်တွေကို အားဖြည့်ကူညီပေးထားဖို့ ဥရောပကို အမေရိကန်စစ်သားတွေ ပိုမိုစေလွှတ်နေတယ်လို့ ဒီဗီဘီသတင်းဌာနကဖော်ပြထားပါတယ်။

အမေရိကန် ဂျော်ဂျီယာပြည်နယ် Fort Stewart စစ်တပ်မှ တပ်သား ၁၃၀ ဟာ ဥရောပမှာ ၆ လကြာ မစ်ရှင်အတွက် စတင်ထွက်ခွာသွားတာပါ။

ကပ္ပတိန် ဆာရာ ဆီးကင်းက “ပုံမှန် စစ်ရေးလေ့ကျင့်မှုသက်သက်တော့ မဟုတ်ပါဘူး၊ ဘာမဆို ဖြစ်လာနိုင်ပါတယ်၊ ဥရောပကို တာဝန်နဲ့ သွားရမှာမို့ စိတ်လှုပ်ရှားပါတယ်” လို့ ပြောပါတယ်။

ဗိုလ်ချုပ် ချာလီ ကွန်စတန်ဇာကလည်း “အခြေအနေပေါ်မူတည်ပြီး တပ်ဖွဲ့တိုးချဲ့မှုတွေလည်း ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

တပ်သားတွေဟာ အမှတ် ၈၇ ထောက်ပံ့ရေးတပ်ရင်းနဲ့ တပ်မဟာ ၃ တိုက်ခိုက်ရေး တပ်ရင်းတို့ကပါ။

သူတို့က ဥရောပမှာ ချထားပြီးဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့ ထောင်ပေါင်းများစွာနဲ့ ပူးတွဲပြီး ရုရှားကျုးကျော်မှုကို ဟန့်တားရမယ့် မစ်ရှင် ပါရှိပါတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS