3 May 2024

,

ဒေသတွင်းအစဉ်လာကြီးမားတဲ့ ဗီယက်နမ်နဲ့ထိုင်းအသင်းတို့ကို အကြိုဗိုလ်လုပွဲနဲ့ဗိုလ်လုပွဲစဉ်တွေမှာဂိုးပြတ်အနိုင်ယူပြီး ဖိလစ်ပိုင်အမျိုးသမီး လက်ရွေးစဉ်အသင်းသမိုင်းတလျှေက် ပထမဆုံးအကြိမ် ချန်ပီယံဆို ဆွတ်ခူး။

ယမန်နေ့ (၁၇-၇-၂၀၂၂) ညက ထိုင်းအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ အိမ်ရှင်ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်အသင်းက အစဉ် လာကြီးမားတဲ့ထိုင်းအသင်းကို ၀-၃ ဂိုးဖြင့် ဖြိုနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပူပူနွေးနွေးချန်ပီယံအသင်းဟာ အကြိုဗိုလ်လုပွဲ ပွဲစဉ်မှာလည်း ဒေသတွင်းအင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဗီယက်နမ်အသင်းကို ၄-၀ ဂိုးနဲ့ ဖြိုခဲ့တာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းဟာ ပြီးခဲ့တဲ့ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာလည်း ကြေးတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့ပြီး ၃၆ နှစ်အတွင်း ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ဆုတံဆိပ်လည်း ဖြစ်ပါတယ်။

ဒေသတွင်းမှာ အစဉ်အလာမရှိတဲ့ ဖိလစ်ပိုင်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ ထိုင်ဝမ် အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ကျော်ြဖတ်ပြီး ဆီမီးဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့ ဖလားဝင်ခွင့်ကိုပိုင်ဆိုင်ထားတဲ့ မျက်နှာသစ်အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းမှာ အမေရိကန်မှာမွေးဖွားတဲ့ ဖိလစ်ပိုင်နွယ်ဖွားအများစုပါဝင်ပြီး ဖိလစ်ပိုင်တွင် မွေးဖွား သူ ၅ ဦး၊ သြစတြေးလျ၊ ကနေဒါနှင့် နော်ဝေတွင် မွေးဖွားသူကစားသမား(၁)ဦးစီ ပါဝင်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS