9 May 2024

———————————–

စက်တင်ဘာ ၇ ရက်၊ ၂၀၂၂

စစ်ကောင်စီစိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာများမှာ ပြည်သူများကို အပြစ်မဲ့သတ်ဖြတ်မှုတွေလုပ်နေတယ်။ ခေါင်းတေ့ပစ်တာတွေ၊ တစ်ယောက်စီ၊ အုပ်စုလိုက် သတ်ဖြတ်တာတွေဆက်လုပ်နေပါတယ်။ ဖြတ်လေးဖြတ်နဲ့ အကြမ်းဖက်တာတွေလုပ်နေတယ် PDF လို့သံသယဖြစ်တဲ့လူငယ်များကို ဖြစ်ရင်ဖြစ်သလိုလုပ်နေတယ်လို့ ပြောသွားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပါတယ်။

နွေဦးတော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ ထောက်ပံ့ကြပါ၊ လှူနိုင်သမျှလှူကြပါ၊ ပါဝင်အင်အားဖြည့်ကြပါ၊ နိုင်ငံတကာအနေနဲ့စစ်ကောင်စီအင်အားဖြစ်စေမည့်လမ်းကြောင်းတွေဖြတ်တောက်ပေးကြပါလို့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS