26 April 2024

စစ်ဘေးရှောင်များနှင့်စီဒီအမ်များကို ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် Burma Spring Center (ဗမာ့နွေဦးစင်တာ) က စက်ချုပ်နှင့်ဆေးဆိုးပန်းရိုက်သင်တန်းပို့ချပေးနေသည်ဟု ဘီဘီစီသတင်းဌာနကဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ မတရားစစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များနှင့် စီဒီအမ်ဝန်ထမ်းကောင်းများအလုပ်အကိုင်ရရှိရန်ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းပညာသင်ကြားပေးနေခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

စစ်ဘေးရှောင်များနှင့် အာဏာဖီဆန်အကြမ်းမဖက်လှုပ်ရှားမှု(CDM) ဝန်ထမ်းကောင်းများ ဘဝရပ်တည်နိုင်ရေးနှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရေးအတွက် အဝေးရောက်ဧရာဝတီသားများအသင်းက အသက်မွေးဝမ်းသင်တန်းပို့ချပေးနေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုင်းဘာသာစကားမပြောနိုင်သည့်အတွက် သင်တန်းဆင်းသည့်အခါ အထည်ချုပ်စက်ရုံများတွင်အလုပ်ရရှိနိုင်ရန် ဆက်လက်ကူညီသွားမည်ဟု ဖော်ပြထားသည်။

 

 

 

 

ဓာတ်ပုံ – ဗမာ့နွေဦးစင်တာ

SHARE THIS NEWS

OTHER NEWS