9 May 2024

ဇွန် ၁၅ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံတဝှမ်းရှိကာယအလုပ်သမားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းကျွမ်းကျင်လုပ်သား ၁၆ မျိုးကိုသာအခြေခံလုပ်ခလစာတိုးမြှင့်ပေးရန် ထိုင်းတော်ဝန်ပြန်တမ်းက ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ထားပြီး၊ ထုတ်ပြန်ချက်ထဲမှာတော့ အခြေခံလုပ်ခလစာအလုပ်သမားတွေကိုတော့တိုးမြှင့်ပေးခြင်းနဲ့ပတ်သက်တာတွေ ဖော်ပြထားတာမတွေ့ရပါဘူး။

ကျွမ်းကျင်လုပ်သား ၁၆ မျိုးကိုသာ အခြေခံလုပ်ခလစာတိုးမြှင့်ပေးမည့်အဆိုပြုချက်ကို ထိုင်းလုပ်ခလစာကော်မတီက လက်ခံဆွေးနွေးပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် (၂၀၂၂) တွင် အတည်ပြုထုတ်ပြန်လိုက်ပြီလို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

လုပ်ခလစာတိုးမြှင့်ပေးမည့် လုပ်ငန်း ၁၆ မျိုးနဲ့ အခြေခံလုပ်ခလစာတိုးမြှင့်ပေးရာတွင် ထိုင်းအမျိုးသားလုပ်သားစွမ်းရည်စံညွှန်းအပေါ်အခြေခံပြီး တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

-ဆောက်လုပ်ရေးအလုပ်အကိုင် ၅ မျိုး

၁။ မျက်နှာကျက်တပ်ဆင်ကျွမ်းကျင်လုပ်သား ၁ ရက် ၄၅၀ ဘတ်မှ ၅၉၅ ဘတ်

၂။ ကွန်ပြူတာဖြင့်အဆောက်အဦးဒီဇိုင်းရေးဆွဲကျွမ်းကျင်လုပ်သား ၁ ရက် ၆၄၅ ဘတ်

၃။ နံရံနှင့်ကြမ်းခင်းကြွေပြားကပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်

၄။ ဆေးသုတ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၆၅ ဘတ် မှ ၆၀၀ ဘတ်

၅။ အပေါ့စားကွန်ကရစ်အုတ်ဆီကျွမ်းကျင်လုပ်သား ၁ရက် ၄၇၅ ဘတ် မှ ၅၇၅ ဘတ်

-လက်မှုပညာအလုပ်အကိုင် ၄ မျိုး

၁။ ပန်းတိမ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၅၀ ဘတ် မှ ၆၅၀ ဘတ်

၂။ ပရိဘောပကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၅၅၀ ဘတ်

၃။ ရှေးဟောင်းလက်ဝတ်လက်စားပန်းတိမ်ကျွမ်းကျင်လုပ်သား (ရှေးဟောင်းနည်း) ၁ရက် ၅၂၅ ဘတ်

၄။ ငွေထည်ကြေးထည်ကျွမ်းကျင်လုပ်သား ၁ရက် ၆၂၅ ဘတ်

.

-ဝန်ဆောင်မှုအလုပ်အကိုင် ၇ မျိုး

၁။ အလုံးစုံကျန်းမာရေးမြှင့်တင်ရေးပညာရှင် ထိုင်း Sapaya (အနှိပ်ကုထုံး) ၁ ရက် ၄၆၀ ဘတ် မှ ၅၇၅ ဘတ်

၂။ မုန့်လုပ်ကျွမ်းကျင်လုပ်သား ၁ရက် ၄၀၀ ဘတ် မှ ၅၀၅ ဘတ်

၃။ ဧည့်ကြိုဝန်ထမ်း ၁ရက် ၄၄၀ ဘတ် မှ ၅၆၅ ဘတ်

၄။ စားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုအလုပ်သမားများ ၁ ရက် ၄၄၀ ဘတ်

၅။ အမျိုးသမီးဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ စက် ၄၄၀ ဘတ် မှ ၆၅၀ ဘတ်

၆။ အမျိုးသားဆံပင်အလှပြင်ကျွမ်းကျင်လုပ်သား ၁ရက် ၄၃၀ ဘတ် မှ ၆၃၀ ဘတ်

၇။ သက်ကြီးရွယ်အိုပြုစုသည့်လုပ်ငန်း ၁ ရက် ၅၀၀ ဘတ်

ထိုင်းဉပရေအရ အဆိုပါအလုပ်အကိုင် ၁၆ မျိုးအနက် ဆောက်လုပ်ရေးအလုပ်အကိုင်မှ မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း၊ ကြွေပြားခင်းလုပ်ငန်း၊ ဆေးသုတ်လုပ်ငန်း၊ အုတ်ဆီလုပ်ငန်း၊ ဝန်ဆောင်မှုအလုပ်အကိုင်မှ အစားသောက်ဆိုင်နှင့်ဟိုတယ်လုပ်ငန်းရှိအစားအသောက်နှင့်အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်း၊ သက်ကြီးရွယ်အိုပြုစုရေးလုပ်ငန်း စသည့်လုပ်ငန်း ၆ မျိုးကိုသာ ရွှေ့ပြောင်းလုပ်သားများကိုလုပ်ကိုင်ခွင့်ပေးထားတာဖြစ်ပြီး လုပ်ခလစာတိုးပေးတဲ့နေရာမှာ ပါ၊ မပါစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS