26 April 2024

,

ပန်းသီးစားသူ နှစ်မျိုးရှိပါတယ်။ အခွံခွာပြီးစားတဲ့သူနှင့် အခွံမခွာဘဲတစ်လုံး လုံးစားတဲ့သူဖြစ်ပါတယ်။ အခွံကို လူတော်တော်များများကြိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းသီးရဲ့အထိအတွေ့ကို လျှာမှာပိုပြီးနူးညံ့စွာ အရသာခံနိုင်လို့ဖြစ်ပါတယ်။ ပန်းသီးရဲ့အခွံမှာအနည်းငယ်ကြမ်းတမ်းမှုကိုခံစားရပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ပန်းသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ။

.

ပန်းသီးတစ်လုံးလုံးကိုစားရန် အကြောင်းပြချက်ကောင်း ၄ခု

.

၁။ အမျှင်ဓာတ်လျော့နည်းခြင်း။ အခွံခွာထားတဲ့ ပန်းသီးများသည် အခွံမခွာရသေးတဲ့ပန်သီးထက် အမျှင်ဓာတ်50% လျော့နည်းပါတယ်။ အမျှင်ဓာတ်သည် သကြားဓာတ် ၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေး နိုင်ပြီးအစာခြေစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။

.

၂။ ဗီတာမင်စီ ထက်ဝက်ကျော်လျော့နည်းခြင်း။ အခွံခွာထားသောပန်းသီးထဲတွင် ဗီတာမင်စီသည် ၄၀% လျှော့နည်းပါတယ်။ ဗီတာမင်စီသည် ကိုယ်ခံအားကို အားကောင်းစေပါတယ်။ အသားရေကိုကြည်လင်တောက်ပ ဖို့ အာဟာရဖြည့်ပေးပါတယ်။

.

၃။ ဗီတာမင်အေ ထက်ဝက်နည်းပါးလျော့နည်းခြင်း။ အခွံခွားထားသောပန်းသီးတွင် ဗီတာမင်အေ 40% လျော့နည်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဗီတာမင်အေသည် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး အရိုးများ ၊ သွားများနှင့် လက်သည်းများကိုသန်မာစေပါတယ်။

.

၄။ ပျောက်ဆုံးနေသော Quercetin အာဟာရဓာတ်များရရှိခြင်း။ Quercetin အာဟာရဓာတ်များသည်   Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း ) ဖြစ်နိုင်ချေကိုလျော့ချပေးပြီး ထိုဓာတ်များသည် ပန်းသီးအခွံတွင်ရှိသော အာဟာရတစ်မျိုးဖြစ်ပါတယ်။ ထိုကြောင့် ပန်းသီးအခွံကိုခွာပြီးစားပါက ဤအာဟာရအမျိုးအစားကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။

.

အခွံမခွာရသေးတဲ့ပန်းသီးတစ်လုံးကို အန္တာရာယ်ကင်းအောင် ဘယ်လိုစားမလဲ။

လူတွေဟာ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများမှ အကြွင်းအကျန်များကို စိုးရိမ်တာကြောင့် အခွံထက် ပန်းသီးအသားကိုပဲ့ပိုစားချင်ကြပါတယ်။ စိုက်ပျိုးရာတွင်အသုံးပြုသည့်အခြားဓာတုပစ္စည်းများပါဝင်နိုင် တာကြောင့် အခွံပါတဲ့ပန်းသီးကိုစားမည်ဆိုပါက ရေနဲ့သေချာသန့်စင်ပြီး (သို့မဟုတ်) အော်ဂဲနစ်စိုက်ပျိုးထား သောပန်းသီးများကိုရွေးပြီးစားသုံးပေးကြပါ။

SHARE THIS NEWS

OTHER NEWS