29 April 2024

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၂

ငြီးထွားသံတွေဟာ နံရံအခြားတဖက်ကိုထိကိုကြားနေရပါတယ်။ အဲဒီနေ့ရဲ့ မနက်ခင်းအချိန်မှာ နိုးထလာတဲ့ အချို့သူတွေက “တောက်” ဒီခေတ်က အာဏာရှင်တွေရှိသေးတယ်လို့ကွာ ဆိုပြီဒေါသထွက်နေကြသလို ဒီနေ့အထိလဲ ထိုဒေါသမီးက အာဏာရှင်ရဲ့အကြမ်းဖက်ကိုင်တွယ်နေပုံကိုမြင်တော့ တောက်လောင်နေကြဆဲဖြစ်ပါတယ်။

အဲဒီနေ့မှာ လမင်းကြီးကောင်းကင်ပေါ်ကနေ ပျောက်ကွယ်သွားသလို ခံစားနေကြရပါတယ်။ အိမ်မက်များလာ မဖြစ်နိုင်ပါဘူး သတင်းတွေကြားကြားချင်း ကိုယ့်ကိုယ်ကိုပြန်မေး​နေကြသူလဲရှိခဲ့တယ်။ အမေရေ အဖေရေ တကယ်သိမ်းလိုက်တာဟုတ်လား၊ သေချာလားပေါ့။

ဟုတ်ပါတယ် လမင်းကြီးကောင်းကင်ပေါ်ကနေပျောက်သွားတာမဟုတ်ပါဘူး၊ တိမ်ညှိတွေဖုံးထားလို့ အလင်းမပေးနိုင်တော့တာပါ။ ဘယ်နေရာမှာတိမ်ဖုံးနေလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။

အဲဒီနေ့ဟာ အားလုံး အမှောင်ကိန်းဆိုက်နေတဲ့အချိန်ပါ။ ဒီနေ့အထိလဲအမှောင်ကျနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါလ ၁ ရက်နေ့ဟာ တိုင်းပြည်အမှောင်ကျတဲ့နေ့ပါ။ အရာအားလုံးနောက်ပြန်ဆုတ်သွားပါပြီ၊ နိုင်ငံတကာနဲ့ယှဉ်ရင် ဘာမဆိုအောက်ဆုံးအဆင့်ကို ​ရောက်​နေပြီဖြစ်ပါတယ်။ ပြည်သူတွေမှာလဲ ကုန်းကောက်စရာမရှိလောက်အောင်ဖြစ်နေပါပြီ။

တိုင်းပြည်တွင်းမှာ ဘာမဆိုအတက်ဘက်ကိုရှိနေပါတယ်။ ဆန်ဈေးတက်၊ ဆီဈေးတက်၊ အစစအရာရာဈေးတက်နေသည်သာမက ဆီတိုးစောင့်နေရတဲ့နေ့မျိုးကိုရောက်လာပြီဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ငြီးထွားသံတွေဟာ နံရံရဲ့အခြားတဖက်အထိကြားနေရသလို အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ မြင်မြင်သမျှ ရင်တွေကွဲရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ (ဆောင်းပါး)

SHARE THIS NEWS

OTHER NEWS