3 May 2024

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၂

ရာထူးကနေ ဆိုင်းငံ့ခံရတဲ့ ထိုင်းဝန်ချုပ် ပရာယွတ် ကျန်အိုချာ ကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လာမည့်စက်တင်ဘာ ၃၀ ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးကို ရှစ်နှစ်ပြည့်မပြည့်ကို အတိုက်အခံပါတီ တွေရဲ့ တင်သွင်းတဲ့အချက်အလက်တွေကိုလည်း ရုံးတော်အနေနဲ့ အမိန့်ချတော့မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ရာထူးကို ရှစ်နှစ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိသော်လည်း ပရာယွတ်ရဲ့ သက်တမ်းစတင်ချိန်နှင့် နှိုင်းယှဉ်ပါက အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ ဥပဒေရေးရာအဖွဲ့ဟာ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားခဲ့တာတွေရှိနေတာကြောင့် လာမည့်စက်တင်ဘာ ၃၀ ရက်နေ့မှာ တရားရုံးကဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။

မေး။ ထိုင်းဝန်ကြီးချုပ်ရာထူးက ၈ နှစ်ပြည့်ပြီလာ?

ဖြေ။ “ကျနော်တစ်ယောက်ထဲအမြင်ပြောရရင်တော့ပြည့်ပြီပေါ့၊ ၂၀၁၄ ကတည်းက ရာထူးရထားတာလေ ယခုက ၂၀၂၂ ဆိုတော့ ပြည့်ပြီလို့မြင်တယ်ဗျ”

မေး။ ဘာကြောင့် ထိုင်းဝန်ကြီးချုပ်က ရာထူး ၂ နေရာယူထားလဲ?

ဖြေ။ ရာထူးနှစ်ခု ယူထားတော့ မြင်းနှစ်ကောင်ကိုတပြိုင်တည်း စီးထားသလိုပေါ့ဗျာ။ တဖက်ကစစ်တပ်ကိုထိန်းတယ်။ တဖက်မှာတော့ ပြည်သူတွေကိုထိန်းတယ်ပေါ့။

မေး။ ဝန်ကြီးသက်တမ်းက ၈ နှစ်ကျော်လို့ မရဘူးလာ?

ဖြေ။ ဒီမိုကရေစီနိုင်ငံတွေအားဖြင့် ဝန်ကြီးသက်တမ်းက ၈ နှစ်ကျော်လို့မရဘူးလို့ သိရပါတယ်။ ၈ နှစ်ကျော် ရာထူးယူထားရင် အာဏာရှင်စနစ်ဖြစ်သွားပြီပေါ့၊ ထိုင်းမှာပဲ မဟုတ်ပါဘူး နိုင်ငံတကာတွေမှာလဲ ဝန်ကြီးချုပ်သက်တမ်းက ၈ နှစ်ပဲ သတ်မှတ်ထားတယ်လို့” ထိုင်းရောက်မြန်မာတစ်ဦးကဖြေသွားတာပါ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာ မှာ ၂၀၁၄ ကတည်းက အာဏာသိမ်းယူခဲ့ပြီး စစ်အကြီးအကဲကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူ့ကို ခြေဥတရားရုံးက ၅ မဲ ၄ မဲနဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရာထူးကနေဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

အတိုက်ခံပါတီတွေက ထိုင်းဝန်းကြီးချုပ် ပရာယွတ် ကျန်အိုချာ ဟာ သက်တမ်း ၈ နှစ်ပြည့်ပြီဖြစ်တာကြောင့် နှုတ်ထွက်ရပေးရမယ်ဟု ငြင်းခုံနေကြပါတယ်။ တရားရုံးအနေနဲ့ကလဲ အတိုက်ခံပါတီများရဲ့ အဆိုပြုချက်ကို ချိန်ဆနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS