9 May 2024

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂

မြန်မာအမျိုးသမီးတစ်ဦး ပတ်စပို့အတုကိုင်ဆောင်တယ်ဟုဆိုပြီးဗန်ကောက်မြို့အဝင်လေဆိပ်မှာအဖမ်းခံလိုက်ရတယ်လို့ ခေတ်သစ်သတင်းကဖော်ပြထားပါတယ်။

ရန်ကုန်မှ ဘန်ကောက်ကို ဩဂုတ်လ ၃၁ ရက်နေ့ကထွက်ခွာလာပြီး၊ မြန်မာအမျိုးသမီး ၆ ဦးထဲမှာ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးရဲ့ ပတ်စပို့စာအုပ်က အတုဟုဆိုပြီးထိုင်းလေဆိပ်ရဲက ဖမ်းထားလိုက်ပါတယ်။

ပတ်စပို့ကို စကင်ဖတ်ရာမှာ မရဟုဆိုပြီး စာအုပ်အတုလို့ ထိုင်းရဲတွေက သတ်မှတ်လိုက်ပါတယ်။ ဗန်ကောက်မြို့အဝင်မှာ အဖမ်းခံရတဲ့အဆိုပါအမျိုးသမီးမှာ ရန်ကုန်လေဆိပ်မှ တရားဝင် ထွက်ခွာလာတာဖြစ်ပြီး၊ ပတ်စပို့စာအုပ်ကိုလဲ တရားဝင်ကိုယ်တိုင်လုပ်ကိုင်ခဲ့တာလို့ လိုက်ပါကူညီပေးတဲ့သူတွေထံကသိရပါတယ်။

ပတ်စပို့စာအုပ်ကို စကင်ဖတ်မရပါကလည်း ထိုင်းလဝက အနေဖြင့် မြန်မာသံရုံးတာဝန်ရှိသူများထံကိုမေးမြန်းသင့်ပါတယ်။ ယခုလိုထောင်ထဲတန်းပို့တာဟာ တာဝန်မဲ့ရာရောက်ပါတယ်လို့ ၄င်းဆက်ပြောပါတယ်။

စာအုပ်အတုဖြင့်စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်ထောင်တွင်ရောက်ရှိနေပြီး ကွာရန်တင်း ၂၁ ရက် ဝင်နေတဲ့ အတွက် တွေ့ဆုံခွင့်မရသေးဘဲ ကွာရန်တင်းပြီးမှ အမှုကိစ္စဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS