29 April 2024

ယူကရိန်းမှာ စတားလင့်ခ် ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုကို အီရွန်မက်စ် စီစဉ်ပေးခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံရဲ့ အချို့ဒေသတွေမှာ ဆက်သွယ်ရေး ပြဿနာတွေ ရှိနေခဲ့တာကြောင့် ယူကရိန်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဝန်ကြီး Fedorov Mykhailo က စစ်ဖြစ်နေတဲ့ကာလအတွင်း ပြည်သူတွေ အဆက်အသွယ်မပြတ်စေရန် တွစ်တာမှာ အီရွန်မက်စ်ကို Tag တွဲပြီး စတားလင့်ခ်ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှု ရရှိစေရန် အကူအညီ တောင်းခံခဲ့ပါတယ်။

“အီရွန်မက်စ်က အင်္ဂါဂြိုလ်ကို နယ်ကျော်ဖို့ ကြိုးစားနေချိန်မှာ ရုရှားဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ကြိုးစား နေတယ် သင့်ရဲ့ SpaceX ဒုံးပျံဟာ အာကာသ ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ချိန်မှာ ရုရှားရဲ့မစ်ဆိုင်းဒုံးကျဉ်တွေ ဟာ ယူကရိန်းအရပ်သားတွေကို ထိမှန်နေခဲ့တယ် သင့်အနေနဲ့ နီးစပ်ရာ စတားလင့်ခ် ဂြိုလ်တုဖြင့် ယူကရိန်းကို ထောက်ပံ့ပေးရန် မျှော်လင့်တယ်” လို့ ယူကရိန်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဝန်ကြီး ကတွစ်တာပေါ်တွင် ရေးသား ခဲ့တာပါ။

 

 

အဲဒီနောက် အီရွန်မက်စ်ဟာ ယူကရိန်းအတွက် စတားလင့်ခ်ဂြိုလ်တု ဝန်ဆောင်မှု စီစဉ်ပေးခဲ့ပြီဖြစ်တယ်လို့ ယူကရိန်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဝန်ကြီး ရဲ့ ပို့စ်ကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

 

 

စတားလင့်ခ်ဟာ မြန်နှုန်းမြင့် ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး နည်းပညာလုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ ဘီလျံနာ အီရွန်မက်စ် ကြိုးပမ်းအကောင်အထည်ဖေါ်မှု ထဲမှာ စတားလင့်ခ် အပါအဝင် ဖြစ်ပါတယ်။

အီရွန်မက်စ် ဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေနှင့် အခက်အခဲကြုံတွေ့နေရတဲ့ နိုင်ငံတွေမှာ အင်တာနက် အသုံးပြုနိုင်ဖို့ အာကသထဲကို အင်တာနက်ဂြိုလ်တုတွေလွှတ်တင်ထားခဲ့တာ လက်ရှိမှာဆိုရင် ဂြိုလ်တုပေါင်း ၂,၀၀၀ ကျော်ရှိနေခဲ့ ပြီဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS