26 April 2024

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃

ဇန်နဝါရီလ ၅ ရက်နေ့ ၂၀၂၃ မှာ မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်မယ်ဟု အွန်လိုင်းပေါ်မှာရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။

အဲဒီသတင်းအပေါ် နယ်စပ်အာဏာပိုင်များကို Myanmar Live အနေဖြင့် ဆက်သွယ်မေးမြန်းတော့ အတည်ပြုပြောဆိုလို့ မရသေးဘူးဟု ပြန်ဖြေကြားခဲ့ပါတယ်။

“လက်ရှိတိုက်ပွဲအခြေနေအရဆိုရင်ဖွင့်ပေးဖို့ခက်ခဲပါလိမ့်မယ်၊ ကြာဦးမယ်လို့လဲမြင်တယ်။ ကျနော်တစ်ယောက်ထဲအမြင်ကိုပြောရရင် ရွေးကောက်ပွဲပြီးမှပဲ အခြေနေကိုပြောလို့ရမယ်” ဟု နယ်စပ် ထိုင်း လဝက တစ်ဦးကဆိုပါတယ်။

“ကြာဦးမယ်။ ခုထိလဲပိတ်ထားပါတယ်။ ဒီမှာစောင့်နေတဲ့ သူတွေတောင်ဘာမှ မသိရသေးဘူး” လို့ ထိုင်းအရာရှိတစ်ဦးဖြစ်တဲ့ အေ့မဲဆောက် ကပြောပါတယ်။

လက်ရှိမြန်မာဘက်ခြမ်းကမြဝတီမှာ အတက်၊ အဆင်းလုပ်တဲ့ မှန်လုံအကြီးစား ခရီးသည်တင်ကားတွေရပ်နားထားရပြီး၊ အိမ်စီးကား၊ ကားအသေးစားနဲ့ ဗင်ကားတွေကတော့ မြေသားလမ်းဖြစ်တဲ့ ထော့ကော်ကိုးလမ်းကိုအသုံးပြုနေရတယ်ဟု သိရပါတယ်။

မြဝတီ – မဲ့ဆောက် အမှတ် ၁ တံတားမှာ ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပြီးနောက်ပိုင်း ပိတ်ထားခဲ့တာ ယနေ့အချိန်ထိ 3 နှစ်ကြာခဲ့ပါပြီ၊ကော့ကရိတ်-မြဝတီဘက်မှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်နေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ့ယနေ့ထိုင်းဘက်ပိတ်ထားတဲ့ပုံ

SHARE THIS NEWS

OTHER NEWS