6 May 2024

————————-

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၂

သုံးနှစ်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နှစ်ဖက်အာဏာပိုင်များ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တာပါ။

ကိုဗစ်တတိယလှိုင်းပြီးနောက်ပိုင်း ဒီတံတားကို ပြန်ဖွင့်လှစ်နိုင်ဖို့ ထိုင်းဘက်က ပြင်ဆင်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာ ဒီတံတားကို ပြန်ပြီးဖွင့်လှစ်ဖို့ ထိုင်းအစိုးရက မေလ ၁ ရက်နေ့က ပြင်ဆင်မှုတွေ လုပ်ခဲ့သလို မြန်မာဘက်ခြမ်းကလည်း စစ်ကောင်စီဝန်ထမ်းတွေက တံတားဖွင့်နိုင်ဖို့ သန့်ရှင်းရေးတွေ လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မြဝတီဂိတ်ဘက်နှင့် မဲဆောက်ဂိတ်ဘက်များ၌ တာဝန်ရှိလူကြီးအချို့မှ ဂိတ်များအတွင်းပြင်ဆင်မှုများဆောင်ရွက်နေပြီး လမ်းဖာခြင်း၊သန့်ရှင်းရေးလုပ်ခြင်း စသည့် အသေးစားပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြခဲ့ပါတယ်။

ထို့နောက် ဇွန်လ ၁၁ ရက် ညကလည်း မြဝတီမြို့ ကြံ့ခိုင်ရေးရုံးနား၌ ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်၊ ည ၇ နာရီခန့်ကလည်း မြဝတီတံတားအနီး ၁ ရပ်ကွက်၊ ယုဇနလမ်းပေါ်၌ ဖွင့်လှစ်ထားရှိသည့် ဂျပန်ကြီးစတိုးဆိုင်အတွင်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့နေ့မှာ မြန်မာဘက်ခြမ်းက တံတားထိပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကားအပြင်အဆောက်အဦးတွေလဲ ပျက်စီးသွားပါတယ်။

၁၂ ရက်နေ့ တံတားဖွင့်ပွဲဟာ ထိုင်း-မြန်မာ ပူးပေါင်းဖွင့်ကြတာပါ၊ ထိုင်းအာဏာပိုင် မြန်မာအာဏာပိုင်တွေ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်မှာ ဖွင့်ပွဲခမ်းမမှာဆုံခဲ့ကြပြီး၊ ဖွင့်ပွဲအခမ်းအနားကို အတူပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မဲဆောက်-မြဝတီ အမှတ် (၁) ချစ်ကြည်ရေးတံတား ဇန်နဝါရီလ ၁၂ ရက် ၂၀၂၃ မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပေမယ့်၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်ကတော့ ဖွင့်လှစ်ပေးဖို့ အရိပ်ရောင်တွေတောင်မတွေ့ရသေးပါဘူး။ ဖွင့်လှစ်နိုင်ရေးအတွက် အထက်အမိန့်ကို စောင့်နေရတယ်ဟု သိရပါတယ်။

တံတားဖွင့်လှစ်နေ့မှာတော့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မြန်မာဘက်အာဏာပိုင်များ တံတားအလယ်မှာတွေ့ဆုံပြီး လက်ဆွဲနှုတ်ကြပါတယ်။ အဲဒီနောက် မနက် ၉ နာရီအချိန်မှာ ထိုင်း-မြန်မာဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ TERMINAL အဆောက်အအုံ ၂ လွှာ တွင်နေရာယူကြပြီး၊ ၃ နှစ်လောက်ပိတ်ထားတဲ့ မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ- နှစ်ဖက်အာဏာပိုင်များ တံတားပေါ်တွင် တွေ့ဆုံစဥ်

SHARE THIS NEWS

OTHER NEWS