26 April 2024

ထိုင်းဘက်ခြမ်းတွင်ရေတိရစ္ဆာန်များလွှတ်ပေးခြင်းဖြင့်ကုသိုလ်ရတာဆိုတဲ့ယုံကြည်ချက်တစ်ခုဖြစ်သည်ဒါပေမယ့်ဒီလိုလုပ်ရပ်တွေကအမြဲတမ်းကုသိုလ်ရနေတာမဟုတ်ဘူးဘာလို့လဲဆိုတော့အခုနောက်ဆုံးထွက်ထားတဲ့သတင်းအရတရုတ်အမျိုးသမီးတစ်ဦးသည်တိရစ္ဆာန်များကိုကယ်တင်ရန်ငါးခူ ၁၂.၅ တန်ကို လွှတ်ပေးခဲ့ရာဘတ်ငွေ ၄၄၆,၀၀၀ဆောင်ရ ကြောင်းဖော်ပြခဲ့သည်။

.

သူမသည်တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်ရှိရေကန်တစ်ခုထဲသို့မိသားစုနဲ့ကိုယ် ကံကောင်းပါစေလို့ဆုတောင်းပေးပြီးငါးခူ ၁၂.၅ ကိုရေကန်တစ်ခုထဲလွှတ်ပေးခဲ့သည် နောက်ရက်အနည်းငယ်အတွင်းမှာငါးအမြောက်များသေဆုံးခဲ့ပြီးငါးသေများကိုဖယ်ရှားရန် တာဝန်ရှိသူများက ၁၀ ရက်အထိအချိန်ယူခဲ့ရသည်။

.

ထိုနောက်သူမကိုငါးအမြောက်အမြားလွှတ်ပြီးသဘာဝပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေတဲ့အတွက်လျော်ကြေးယွမ် 90,000 သို့မဟုတ် 444,000 ဘတ်ခန့်ပေးဆောင်ရန်နှင့် သတ်မှတ်ထားသောဒဏ်ငွေပမာဏကိုပေးဆောင်ရန်အမိန့်ထုတ်တရားရုံးမှာတရားစွဲခံရပါတယ် Su လို့အမည်ရတဲ့တရုတ်အမျိုးသမီးတစ်ဦးကငါးခူ 12.5 တန်ကို Liu လို့ခေါ်တဲ့ငါး ဖမ်းသမားထံမှအလှူငွေ ယွမ် 90,400(အမေရိကန်ဒေါ်လာ 18,000) အထိပေးဆောင်ဝယ်ယူ ခဲ့ပြီးနှစ်ပေါင်း 2,000 ကျော်တည်းကတရုတ်လူမျိုးတွေရဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်အရ အသတ်ခံရတော့မယ့်တိရိစ္ဆာန်တွေကိုကယ်တင်တာဟာကောင်းမှုပြုရန်ရည်ရွယ်ခဲ့ကြောင်းဘာလျော်ကြေးပေးရမှာလဲသူမမှာအပြစ်မရှိကြောင်းနှင့်မစ္စ Su ကဆက်ပြောသည်။

SHARE THIS NEWS

OTHER NEWS