28 April 2024

မတ်လ ၂ ရက်၊ ၂၀၂၂

တရားမ၀င်မြန်မာနိုင်ငံသား ၄၄ ဦးတင်ထားပြီး မောင်းပြေးနေတဲ့ ပစ်ကပ်ကား ၂ စီးကို ထိုင်းနိုင်ငံ နခွန်စ၀မ်ခရိုင်မှာ ထိုင်းအာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

 

 

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကိုဗစ်၁၉ လက္ခဏာပြသူလဲရှိတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ပစ်ကပ်ကားနံပါတ် ၆၉၀၀ ကတော့ ကားထဲမှာ မြန်မာနိုင်ငံသား ၃၃ ဦးတင်ထားပါတယ်။ ပစ်ကပ်ကားနံပါတ် ၈၂၄၂ ကတော့ မြန်မာနိုင်ငံသား ၁၁ တင်ထားပြီး ပစ်ကပ် ၂ စီးမှာ မြန်မာနိုင်ငံသား ၄၄ ဦးကိုလိုက်ပါခဲ့တာပါ။

 

 

ထိုင်းကားသမား နိုင်ဖိုင်ရတ်ပြောတာကတော့ တရားမ၀င်မြန်မာနိုင်ငံသားတွေကို စူဖန်ဘူရီခရိုင်မှာ ပို့ပေးရမယ်။ တစ်ခေါက်ကို ၁၀,၀၀၀ ဘတ်ရတယ်လို့ ပြောပါတယ်။ နောက်ကားသမားတစ်ဦး နိုင်၀မ်ချိုင်ကတော့ တရားမ၀င်မြန်မာလုပ်သားတွေကို အယုဒ္ဓယခရိုင်မှာ သွားပို့ပေးဖို့ တစ်ဦးကို ၅၀၀ ဘတ်ရတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကိုတော့ မဲဆောက်ကနေခေါ်လာတယ်လို့ ဆက်ပြောပါတယ်။

 

 

ထိုင်းကားသမား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ဥပဒေအရဆောင်ရွက်ဖို့ ဖယုဟစီရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ကိုဗစ်၁၉ အပေါင်းလက္ခဏာပြတဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုလဲ RT-PCR ထပ်ပြီး စစ်ဆေးမယ်လို့ သိရပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – MGR Online ภาคเหนือ

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS