10 May 2024

တိုကင်ရက်ချိန်းကို ကိုယ်တိုင်လာမှထုတ်ပေးတော့မည်ဟု သံရုံးထုတ်ပြန်

——————–

တိုကင်ရက်ချိန်းယူရင် ကိုယ်တိုင်လာမှလုပ်ပေးတော့မည်ဟု ဗန်ကောက်မြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။

၂၀၂၂ နှစ်မှာ သက်တမ်းကုန်နေတဲ့ အလုပ်အကိုင်ပတ်စပို့စာအုပ်ကိုင်ဆောင်ကြတဲ့ ထိုင်းရောက်မြန်မာများကို လာမည့် ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၂၃ ခုနှစ် (စနေနေ့) မှစတင်ကာ ရက်ချိန်းတိုကင်များကိုပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး၊ ဒီကြားထဲ ယခင်တိုကင်ရရှိထားသူများကို သတ်မှတ်နေ့အလိုက်ပြုလုပ်ပေးနေပြီး၊ OWIC ကတ်ပါ စာအုပ်လာထုတ်ကြတဲ့သူတွေကို တပါးတည်းထုတ်ပေးသွားမည်ဟု ထုတ်ပြန်ထားပါတယ်။

တိုကင်ရက်ချိန်းကို အလုပ်သမားကိုင်ဆောင်တဲ့ပတ်စပို့စာအုပ်တွင် တံဆိပ်တုံးထု သတ်မှတ်ပေးမှာဖြစ်တဲ့အတွက် ကာယကံရှင်ကိုယ်တိုင်လာရမှာဖြစ်ပြီး၊ ကိုယ်စားလှယ်နဲ့ပေးလာပါက တိုကင်ရက်ချိန်းကို လုံးဝ ထုတ်မပေးဘူးလို့ ထုတ်ပြန်ချက်တွင် သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS