3 May 2024

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီထိုင်းကုန်ပစ္စည်းသိုလှောင်ရုံ တည်ဆောက်မည်။

ထိုင်းနိုင်ငံရဲ့ အများပြည်သူကုန်ပစ္စည်း သိုလှောင်ရုံအဖွဲ့အစည်းဖြစ်တဲ့ PWO က မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းသိုလှောင်ရုံတွေကို တည်ဆောက်သွားမှာဖြစ်ပြီး ကိုဗစ်-၁၉ အကြပ်အတည်းကာလအတွင်း ဆုံးရှုံးမှုတွေကို ကျော်လွှားနိုင်စေဖို့နဲ့ ပို့ကုန်ကဏ္ဍကို လွယ်ကူချောမွေ့စေဖို့ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။

လုပ်ငန်းဆိုင်ရာ သဘောတူနားလည်မှု စာချွန်လွှာတစ်ခုကို PWO ရဲ့ ညွှန်ကြားရေးမှူး ခရင်ဆက်(ခ) ပရာတီဝီဆွတ်က မြန်မာကုမ္ပဏီ မဟာရွှေငွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

PWO ကို ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်မှာ ကုန်လှောင်ရုံတွေ လာရောက် တည်ဆောက်ခြင်းက ထိုင်းနိုင်ငံရဲ့ ပြင်ပမှာ ပထမဦးဆုံး လုပ်ကိုင်ခြင်းလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ တည်ဆောက်မယ့် ကုန်ပစ္စည်းသိုလှောင်ရုံတွေကို ထိုင်းနိုင်ငံမှ တင်ပို့သော လူသုံးကုန် တွေကို ဖြန့်ဖြူးပေးဖို့အပြင် ထိုင်းပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးရုံတစ်ခုသာမက ထိုင်းပို့ကုန်လုပ်ငန်းရှင် တွေကိုလည်း ယှဉ်ပြိုင်မှုဈေးကွက်တစ်ခုပေးစွမ်းဖို့ ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ခရင်ဆက်(ခ) က ပြောပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်းသိုလှောင်ရုံတွေက ထိုင်းနိုင်ငံမှ အွန်လိုင်းအရောင်းသမား တွေကိုမြန်မာ ပြည်ဈေး ကွက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကူညီသွားမယ်လို့လည်း သူက ဖြည့်စွပ်ပြောဆိုပါတယ်။

PWO အနေနဲ့ မြန်မာနိုင်ငံအပြင် အခြားတိုင်းပြည်တွေမှာလည်း ကုန်ပစ္စည်းသိုလှောင်ရုံများ တည် ဆောက်ဖို့ရှိနေပြီးလက်ရှိမှာ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့လည်း ဆွေးနွေးညှိုနှိုင်း မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

PWO က တည်ဆောက်သွားမယ့် ကုန်လှောင်ရုံတွေကြောင့် ကုန်ပစ္စည်းပို့ဆောင်မှုတွေ အချိန်မီ ရောက် ရှိစေမှာဖြစ်ပြီး ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခြားတိုင်းပြည်တွေထက် ကျော်လွန်ကာ ယှဉ်ပြိုင် နိုင်စေမယ်လို့ ခရင်ဆက်(ခ)က ရှင်းပြပါတယ်။

 

 

၎င်းအပြင် အခြားတိုင်းပြည်တွေရှိ ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်မှုများနဲ့ ကုန်ပစ္စည်းသိုလှောင်ရုံ တွေက PWO ကို ဆုံးရှုံးခြင်းများမှ ကျော်လွှားဖို့ ကူညီပေးလိမ့်မယ်လို့လည်း သူက ဖြည့်စွပ်ပြောဆို ပါတယ်။

PWO က ပြည်တွင်းမှာ ကုန်လှောင်ရုံတွေ တည်ဆောက်ခြင်းအပြင် မြန်မာနိုင်ငံက ပဲပုတ်တိုးမြှင့် စိုက်ပျိုးဖို့ လက်တွဲလုပ်ဆောင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ပဲပုတ် တန်ချိန် (၂) သန်းကျော်ကို တင်သွင်းဖို့ လိုအပ်ချက်ရှိနေပြီး တိရစ္ဆာန်အစာ အတွက်လည်း ပဲပုတ် တန်ချိန် (၂) သန်း လိုအပ်နေပါတယ်။

အခြားစီးပွားရေးအစီအစဉ်တစ်ရပ်အဖြစ် PWO က အအေးခန်းသိုလှောင်ရုံတစ်ခုကို ဘန်ကောက်မြို့ရှိ ခရိုင်တစ်ခုဖြစ်တဲ့ Rat Burana မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။

အအေးခန်းသိုလှောင်ရုံတွေ တည်ဆောက်ဖို့ လိုင်စင်ရတာနဲ့တပြိုင်နက် တန်ချိန် ၅၀၀၀၀ ပမာဏ ဝင် ဆံ့တဲ့ သိုလှောင်ရုံတွေကို တည်ဆောက်မှာဖြစ်ကာ ၎င်းစီမံကိန်းက PWO ကို အကျိုးအမြတ်ရရှိစေဖို့ ကူညီမည်ဖြစ်ပြီး အခြားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုများအတွက် ဝင်ငွေရှာဖွေနိုင်မယ်လို့ ညွှန်ကြားရေးမှူး ခရင်ဆက်(ခ) ပရာတီဝီဆွတ်က ပြောကြားခဲ့ပါတယ်။

Ref : BETV Bussiness

SHARE THIS NEWS

OTHER NEWS