9 May 2024

,

တစ်ခါတစ်လေဝမ်းပျက်ဝမ်းလျှောတာဟာ ပုံမှန်ဆိုပေမယ့် တစ်နေ့ကို ၃ ခါထက်မနည်းဝမ်းသွားနေပြီဆိုရင်တော့ ၂ မျိုး ၂ ဖုံခွဲခြားသိရှိနိုင်ပါတယ်။

၁. ပြင်းပြင်းထန်ထန်ဝမ်းလျှောခြင်း

မသန့်စင်တဲ့အစားအစာတွေစားမိတဲ့အခါ သို့မဟုတ် ဘက်တီးရီးယားပိုးမွှားတွေ အစာကတစ်ဆင့်ဝင်ရောက်တဲ့အခါ ဝမ်းလျှောနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ၁-၂ ရက်အတွင်းမှာ ပြန်ပျောက်သွားမှာဖြစ်ပြီး အကြာဆုံး ၁ ပတ်ခန့်သာရှိနိုင်ပါတယ်။

ရက်အတန်ကြာဝမ်းလျှောခြင်း

ရက်အတန်ကြာဝမ်းလျှောခြင်းက အူလမ်းကြောင်းမှာပိုးကူးစက်ခံထားရပြီဆိုလက္ခဏာဖြစ်ပါတယ်။ အစားအသောက်နဲ့ မတည့်တဲ့အခါတွေမှာလည်းဖြစ်တတ်ပါတယ်။

ဝမ်းလျှောတဲ့အချိန်စားသင့်တဲ့အစားအစာများ 

– ဓာတ်ဆားရေသောက်ပါ

ဓာတ်စားရေဟာ ရေဓာတ်ဆုံးရှုံးခြင်းကို ကုစားနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှောလို့ရေဓာတ်ပြတ်လပ်တဲ့အခါ ဓာတ်ဆားရေသောက်ခြင်းကအကောင်းဆုံးဖြစ်မှာပါ

– အုန်းရေသောက်ပါ

အုန်းရေမှာလည်း ဆားဓာတ်ပါဝင်နှုန်းမြင့်မားပါတယ်။ အစားအသောက်ကတစ်ဆင့် ဝမ်းလျှောတဲ့အခါ အုန်းရေသောက်ပေးခြင်းက ဝမ်း‌လျှောြခင်း ကိုသက်သာစေမှာပါ

– အစာပျော့တွေကိုစားသုံးပါ

ဝမ်းပျက်တဲ့အခါ စပ်တဲ့အစားအစာတွေစားတာတို့ ထမင်းစားတာတို့က ပိုပြီးဝမ်းလျှောစေပါတယ်။ ဝမ်းလျှောတဲ့အခါ ဆန်ပြုတ်၊ စွပ်ပြုတ်စတဲ့အပျော့စာတွေကိုစားသုံးပေးခြင်းက ပိုပြီးသက်သာစေမှာပါ

– Lactobacillus (သို့) Bifidobacteria ပါဝင်သောအစားအစာများ

ဝမ်းပျက်တဲ့အခါဒိန်ချဉ်စားသုံးပေးခြင်း၊ နို့ချဉ်သောက်သုံးပေးခြင်းက ဝမ်းပျက်တာကိုသက်သာစေမှာပါ

– အမျှဉ်ဓာတ်ပါတဲ့အစားအစာတွေကို စားသုံးပေးပါ

မျှစ်၊ ဟင်းသီးဟင်းရွက်စတာတွေကို အသားပေးစားသုံးပေးပါ။ ချဉ်/ငံ/စပ် ရှောင်ပါ

– အဆီဓာတ်နည်းတဲ့အစာတွေစားပါ
ဥပမာ – ကြက်ရင်ဖိုသား၊ ငါး၊ ပုဇွန် စတာတွေကိုစားသုံးပေးပါ

ဝမ်းလျှောတဲ့အချိန်မစားသင့်တဲ့အစားအစာများ 

– ချဉ်ဖက်

– အေးစက်နေတဲ့အစားအစာ

– မကျတ်တစ်ကျတ်ချက်ပြုတ်ထားတဲ့အစားအစာ

– နို့ သောက်ခင်းရှောင်ပါ

– အသီးဖျော်ရည်တွေကိုရှောင်ပါ

– အစာကျေရခက်ခဲတဲ့အစားအစာတွေရှောင်ပါ – အမဲသား – ခရု – ရေဘဝဲ စသည်ဖြင့်

– gluten ပါဝင်သောအစားအစာများ – ဂျုံဖြင့်ပြုလုပ်ထားသည့်မုန့်များ /  ဘီယာ / စလတ်အရည်စသည်ဖြင့်

– အကြော်စာတွေကိုရှောင်ပါ အဆီဓာတ်မြင့်မားတဲ့အစားအစာတွေကိုရှောင်ပါ

– ချဉ်ငံစပ် အစာတွေကိုရှောင်ပါ

– ကဖိန်းဓာတ်ပါရှိတဲ့အစားအစာတွေကိုရှောင်ပါ

SHARE THIS NEWS

OTHER NEWS