26 April 2024

မြန်မာနိုင်ငံကူးလက်မှတ်ခနှုန်းထားကို ယခင်က တစ်အုပ်လျှင် ၈၀၀ ဘတ်ဖြင့်ကောက်ခံခဲ့ရာက လာမည့် မတ်လ ၁ ရက်နေ့ (၂၀၂၃) မှစ၍ တစ်အုပ်လျှင် ၁၂၅၀ ဘတ်မနှုန်းထားဖြင့် ကောက်ခံတော့ မည်ဟု ဗန်ကောက်အခြေစိုက်မြန်မာသံရုံးက ယမန်နေ့တွင် အသိပေးကြေညာထားသည်။

“ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ၁-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများမှာ စာအုပ် (Passport စာအုပ်)ကြေး ၈၀၀ ဘတ် (အစား) ၁၂၅၀ ဘတ်နှုန်းဖြင့် သက်ဆိုင်ရာဘဏ် စာရင်းသို့ ပေးသွင်းကြရမည်ဖြစ်ပါသည်’ ဟု ဖော်ပြထားသည်။

 

 
လာမည့်မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများအနေဖြင့် စာအုပ်ကြေး ၁၂၅၀ ဘတ် နှင့် OWIC ကတ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်ကို သက်ဆိုင်ရာဘဏ်စာရင်းသို့ပေး သွင်းရမည်ဟု ဆက်လက်ဖော်ြပထားသည်။

ထို့နောက် Mobile Team ဖြင့် အချက်အလက်လာရောက်ကောက်ယူထားသော လုပ်ငန်းခွင်များသည် လည်း ၁၅၀၀ ဘတ်နှုန်းထားပေးသွင်းရမည်ဖြစ်ပြီး မတ်လ ဒုတိယပတ်တွင် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးသွားမည်ဟု အသိပေးထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS