25 April 2024

ကန်ကျနဘူရီနယ်စပ်မှတဆင့် ခိုးဝင်လာသည့်ရွှေ ၁၃၈ ဦးကို ယမန်နေ့နေ့လယ် ၁၂ နာရီကျော်အချိန်တွင်ဖမ်းဆီးရမိခဲ့ပြီး ပွဲစားခတစ်ဦးလျင် ၂၅,၀၀၀ ဘတ်အထိပေးခဲ့ရသည်ဟု ထွက်ဆို။

ကန်ကျနဘူရီနယ်စပ်မှတဆင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၃၈ ဦးကို နယ်ခြားစောင့်တပ်၊ အထွေထွေအုပ်ချုပ်ရေး၊ နယ်မြေရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဌာန စသည့်အဖွဲ့များပါဝင်သည့်ဌာနစုံအဖွဲ့က ယမန်နေ့(ဖေဖော်ဝါရီ ၄ ) နေ့လယ် ၁၂.၄၅ နာရီအချိန်တွင် ကန်ကျနဘူရီခရိုင်၊ ကန်ကျနဘူရီမြို့နယ်၊ ဘန့်ကောင်ကျေးရွာအုပ်စု၊ မူ-၂ တွင်ဖမ်းဆီးနိုင်ခဲ့ပြီး ပွဲစားခတစ်ဦးလျင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိပေးခဲ့ရသည်ဟု ထွက်ဆိုကြသည်။

ဖမ်းဆီခံရသူများတွင် အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၄၉ ဦးပါဝင်သည်ဟု သိရပြီး ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် စသည့်ဒေသများမှလာခဲ့ကြသူများဖြစ်ကာ ထိုင်းနိုင်ငံရှိ မြို့တော်ဗန်ကောက်၊ စမွတ်ဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီ စသည့်ခရိုင်များတွင်သွားရောက်လုပ်ကိုင်ကြမည့်သူများဖြစ်သည်ဟု ထွက်ဆိုသည်။

 

 

ပြည်သူ့ကျန်းမာရေးတပ်ဖွဲ့မှ တစ်ဉီးချင်းစီကို ကိုယ်အပူချိန်တိုင်းရာတွင် ၃၇.၅ ဒီဂရီ စင်တီဂရိတ်ကျော်လွန်သူတွေ့ရခြင်းမရှိ၍ ဉပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် နယ်မြေရဲစခန်းသို့ခေါ်ဆောင်သွားသည်ဟု သိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS