27 April 2024

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက ရာဘာပြား တန် ၄ သိန်းနီးပါးတင်ပို့နိုင်ခဲ့၊ ၈ ရာခိုင်နှုန်းတိုးတက်၊ ကန်ဒေါ်သန်း ၆၀၀ ကျော်ဝင်ငွေရရှိ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက ရာဘာပြား တန်ချိန် ၃၆၆,၃၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု ကမ္ဘောဒီးယားရာဘာလုပ်ငန်းညွှန်ကြားရေးမှူးချုပ် ကပြီးခဲ့သည့်ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရာဘာတင်ပို့ရာက ကန်ဒေါ်လာ ၆၁၀ သန်း (ဘတ် ၂၀.၁ ဘီလျံ) ရရှိခဲ့ပြီး ၃၀.၅ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု ဆိုသည်။

ရာဘာပြား ၁ တန်လျင် ၁,၆၆၆ ဒေါ်လာ (ဘတ် ၅၅,၀၀၀) ဈေးရရှိပြီး ယခင် နှစ်ထက် ၂၈၄ ဒေါ်လာ (ဘတ် ၉,၃၀၀) ဈေးပိုရခဲ့သည်ဟု ၎င်းကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံမှထွက်ရှိသည့်ရာဘာများကို တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ စသည့်နိုင်ငံများကို အဓိကတိုင်ပို့သည်ဟု သိရသည်။

နိုင်ငံတဝန်းရာဘာစိုက်ဧက ၁ သန်းရှိနေပြီး ၇၇ ရာခိုင်နှုန်းမှာ အဆီးထုတ်လုပ်နိုင်သည့်အပင်များဖြစ်သည်ဟု သိရှိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS