12 May 2024

ကူညီပေးသူမဲ့နေတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဥပေက္ခာမပြုသင့်ပါဘူး၊ လက်ယက်ကုန်းကျေးရွာဖြစ်စဥ်မှာဆို စာသင်ကျောင်းကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဒီအတွက် ဆင်ခြေပေးလို့ မရနိုင်ကြောင်း ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းပြော

ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ တိုးတက်မှုများစွာရှိခဲ့ပေမဲ့ အဲဒီတိုးတက်မှုတွေကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်ပျက်စီးခြင်းပျက်စီးနေပါတယ်။ မြန်မာပြည်သူတွေဟာ လက်ရှိမှာစိန်ခေါ်မှုများစွာကြုံတွေ့နေရပါတယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၃၀ မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာပြောကြားလိုက်ပါတယ်။

မြန်မာလူငယ်များဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးတွေလည်း ဆိုးရွားစွာချိုးဖောက်ခံနေရပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ ၁၉ လအတွင်း တရားမဝင်သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ကျေးရွာတွေကို ဖျက်ဆီးတာ တွေကျူးလွန်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာမှာ လူပေါင်း ၂၃၀၀ ကျော် သတ်ဖြတ်ခံထားရပြီး နေရပ်စွန့်ခွာသူ ၁ ဒသမ ၃ သန်းကျော်ရှိပါတယ်။ ပြည်သူတွေ ၁၄ သန်းကျော်မှာလဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအမြန်လိုအပ်နေပါတယ်။

စစ်မြေပြင်မှာဆိုနေအိမ် ၂၈၀၀၀ ကျော်ဖျက်ဆီးခံထားရပြီး ကျေးရွာတွေ ရွာလုံးကျွတ်မီးရှို့ခံရသလို ကလေးငယ် ၃၈၀ ကျော်ဟာလည်း သတ်ဖြတ်ခံရပြီး ကလေးငယ် ၁၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားပါတယ်။

ဒီပဲယင်းလက်ယက်ကုန်းကျေးရွာဖြစ်စဥ်မှာဆို စာသင်ကျောင်းကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဒီအတွက် ဆင်ခြေပေးလို့ မရပါဘူး။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကူအညီမဲ့နေတဲ့မြန်မာပြည်သူတွေရဲ့အကူအညီတောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်းနဲ့ ကုလအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာလူထုရဲ့အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကိုတုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ်ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း ကတောင်းဆိုခဲ့ပါတယ်။

Ref: BBC

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS