10 May 2024

,

ထိုင်းဘိလိယက်အဖွဲ့ချုပ်သမိုင်းတလျှောက် ပထမဆုံးအမျိုးသမီးတစ်ဉီးချင်း ကမ္ဘာ့စနူကာချိန်ပီယံဆုဆွတ်ခူး။

အင်္ဂလန်နိုင်ငံ ရှက်ဖီးလ်မြို့မှာကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့အမျိုးသမီးစနူကာပြိုင်ပွဲမှာ ထိုင်းစနူကာမယ်နောင်းမင်း စရာဘူရီ (နတ်ချာရတ် ဝမ်ဟရုထိုင်း) က ပြိုင်ဘက် ဘယ်လဂျီယံစနူကာမယ် ဗင်ဒီ ဂျင်းကိုအသာစီးရယူနိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွက် ပထမဆုံးအမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ ပူပူနွေးနွေး ကမ္ဘာ့စနူကာချိန်ပီယံဟာ ပြိုင်ဘက်ကို နောက်ကလိုက်ကစားခဲ့ ရာက အခြေအနေပြောင်းလဲနိုင်ခဲ့ပြီး ၆-၅ ဖရမ်းနဲ့အနိုင်ယူခဲ့ပါတယ်။

ကမ္ဘာ့အမျိုးသမီးတစ်ဦးချင်း စနူကာချိန်ပီယံဖြစ်လာမယ့်သူမဟာ တစ်နေ့ကို ၈ နာရီအထိပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အသက် ၂၁ နှစ်အောက် ကမ္ဘာ့အမျိုးသမီးလူငယ်ချန်ပီယံဆုကို ဆွတ်ထူးထားသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလေ့ကျင့်ခုံတစ်ခုမှာ အမြင့်ဆုံး မက်ဆီမမ် ဘရိတ် ၁၄၇ အထိ စွမ်းဆောင်ထားတဲ့ ကမ္ဘာ့ပထမဆုံးအမျိုးသမီးစနူကာကစားသမားလည်းဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS