14 May 2024

ထိုင်းထီ ၁ စောင် ၈၀ ဘတ်ဖြင့်စတင်ရောင်ချ ပေါင်းတန်အပ်မှတဆင့်ပေးချေရန်သတ်မှတ်

ထီလက်မှတ်ဈေးတင်ရောင်းချနေသည့်ပြဿနာကို လက်တွေ့ကျကျဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ထိုင်းအစိုးရ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံရှိကုန်စိမ်းဈေးအသီးသီးတွင် ထိုင်းထီလက်မှတ် ၁ စောင်ကို ဘတ် ၈၀ ဖြင့် စတင်ရောင်းချနေသည်ကို တွေ့ရသည်။

 

 

မည့်သို့ဆိုစေ ထီလက်မှတ်ဝယ်ယူပြီးလျင် ငွေးသားဖြင့်ပေးချေခြင်းကိုလက်ခံခြင်းမရှိဘဲ ထိုင်းအစိုးရ၏ငွေကြေးအပ်ပလီကေးရှင်းတစ်ခုဖြစ်သော ပေါင်းတန် (เป๋าตัง) အပ်ပလီကေးရှင်းမှတဆင့်ပေးချေရမည်ဖြစ်၍ ထီလက်မှတ်ကို ဘတ် ၈၀ ဖြင့်ဝယ်ယူလိုသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအသိတစ်ဦးဦးကို အကူအညီတောင်းရန်လိုအပ်ပါသည်။

တစ်ဖက်တွင် လာမည့် ၁၆-၆-၂၀၂၂ အပတ်မှစ၍ ထိုင်းထီလက်မှတ်များကို ပေါင်းတန်အပ်ပလီကေးရှင်းမှတဆင့်စတင်ရောင်းချပေးမည်ဟု ထိုင်းအစိုးရထီရုံးကော်မတီဥက္ကဋ္ဌ လဝရွန် စဲစနစ် ကဆိုသည်။

SHARE THIS NEWS

OTHER NEWS