26 April 2024

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ၂ နှစ်ကျော်လောက် MOU အလုပ်သမားတင်သွင်းမှုကို ရပ်ဆိုင်းထားရာက မြန်မာလုပ်သားတွေကို မေလထဲမှာ ထိုင်းဘက်ဝင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

 

 

မေလ ၁၀ ရက်နေ့က ပထမအသုတ်ဖြစ်ပြီးတော့ အဲဒီနေ့မှာ မြန်မာ MoU လုပ်သားတွေ ၂၈၈ ယောက်ထိုင်းကိုဝင်လာခွင့်ရပြီး၊ ချွန်ဘူရီခရိုင်ကြက်သားစက်ရုံကအလုပ်သမားတွေဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့မှာ ဒုတိယအသုတ်ပါ။ ၃၀၁ ဖြစ်ပါတယ်။ တတိယအသုတ်ဖြစ်တဲ့ မေလ ၁၉ ရက်နေ့မှာတော့ ၁၅၁ ဦးဖြစ်ပြီး စုစုပေါင်းထိုင်းဝင်ရောက်လာတဲ့ MoU လုပ်သား ၇၄၀ ဦးရှိပြီးဖြစ်ပါတယ်။

 

 

ထိုင်းမှာအလုပ်လုပ်ဖို့ သိန်းနဲ့ချီစာရင်းပြုစုထားတာတွေရှိပါတယ်။ ခုမှ ရာဂဏန်းပဲထိုင်းကိုဝင်လာနိုင်သေးတော့ နောက်ထပ်အမြောက်အများရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ၂ နှစ်ကျော်လောက် MOU အလုပ်သမားတင်သွင်းမှုကို ရပ်ဆိုင်းထားရာက မြန်မာလုပ်သားတွေကို ဒီလထဲမှာ ထိုင်းဘက်က စတင်ပြန်လည်လက်ခံနေတာပါ။

 

 

တရားမဝင်အလုပ်သမားဝင်ရောက်မှု အမှန်တကယ်ပပျောက်စေချင်ရင် MOU လုပ်သားပို့ဆောင်ရေးစနစ် မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ဖို့ ၊  ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေအနေနဲ့  ကြပ်မတ်ဆောင်ရွက်ပေးဖို့နဲ့ စျေးနှုန်းတွေလျှော့ချပေးဖို့လဲလိုတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေကပြောပါတတယ်။

 

 

ရွှေပြောင်းလုပ်သားတွေ MoU ထိုင်းကိုဝင်ရင်တော့ ဒီရောဂါလက္ခဏာတွေကူးစက်ခံရသူဖြစ်ပါက ထိုင်းနိုင်ငံကိုဝင်ခွင့်မရှိကြောင်း ထိုင်းပြည်ထဲရေးထုတ်ပြန်ချက်အရ သိရပါတယ်။

၁၊ ဆင်ခြေထောက် ရောဂါ

၂၊ အနာကြီးရောဂါ

၃၊ ကာလသား ရောဂါ

၄၊ အရက်စွဲရောဂါ

၅၊ ဆေးစွဲရောဂါ

၆၊ တီဘီ ရောဂါ

 

 

ထိုင်းဝင်လာတဲ့ မြန်မာ MoU လုပ်သား ၅၀၀ ကျော်မှာ တီဘီ အဆင့် ၃ ဖြစ်နေသူတစ်ယောက်နဲ့ ကိုဗစ်၁၉ ကူးစက်ခံရသူတစ်ယောက် မဲဆောက်ဆေးရုံးရဲ့ဆေးစစ်ချက်မှာတွေ့တယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ ကိုဗစ်၁၉ ကူးစက်ခံရတဲ့လုပ်သားဆိုရင် ထိုင်းမှာကုသမှု အာမခံလုပ်ထားတဲ့အတွက် ကုသခွင့်ပေးသွားမှာဖြစ်ပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS