27 April 2024

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအချို့မှာ တရားစီရင်ရေး ကိစ္စတွေစတင်ဆောင််ရွက်နေပြီး အမှုတွေကို စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

NUG အနေနဲ့ မိမိနဲ့ မဟာမိတ်တိုင်းရင်းသားတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဲ့ တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တရားစီရင်ရေးကိစ္စတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့ NUG သတင်း ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။

“တရားစီရင်ရေးကိစ္စကိုဆောင်ရွက်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ တချို့အမှုတွေကို စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ MOHAIရယ် MOJပူးပေါင်းပြီး တရားစီရင်ရေးကိစ္စတွေဆောင်ရွက် နေပြီ။ရဲတပ် ဖွဲ့လည်း ဖွဲ့စည်းပြီးသွားပြီ။ရဲတပ်ဖွဲ့ကအမှုဖွင့်မယ်။တရားစွဲမယ်။ ပြီးရင်ဖမ်းလို့ရတဲ့လူကို ကျွန်တော်တို့ဖမ်းတယ်။ဖမ်းပြီးတာနဲ့ ကျွန်တော်တစ်ခါတည်းပဲတရားစီရင်တယ်ဆိုတဲ့ ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ လို့ သူက ဆိုပါတယ်။

NUGအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုလက်တွေ့ကျကျ ထိထိမိမိ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိုးမိုးထိန်းချုပ်နယ်မြေတွေကို အရင်တည်ဆောက်ခဲ့ပြီး အခုအချိန်မှာ တရားစီရင်ရေးကို စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေစးအစိုးရအ​နေဲ့နဲ့ စစ်ကောင်စီရဲ့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကိစ္စတွေကို အမှုတွဲဖိုင်ဖွင့်ထားပြီးဖြစ်သလို ပြစ်မှုကျူးလွန်သူတွေ ဖမ်းဆီးရမိမှုနဲ့ တရားစီရင်ရေး ကိစ္စတွေကို မကြာခင်မှာ အများပြည်သူကို သက်သေနဲ့တကွ ထုတ်ဖော်တင်ပြသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တရားရေးမဏ္ဍိုင် အသက်ဝင်လာပါကတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နယ်မြေက ပြည်သူတွေ ဥပဒေ အကာအကွယ် ရရှိလာမှာဖြစ်ကာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တရားမျှတတဲ့အစိုးရ အဖြစ် ပြသနိုင်ဖို့နဲ့ တရားစီရင်ရေး စနစ်ကောင်းတစ်ခု ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်။

တရားစီရင်ရေးစနစ်ဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ တည်ဆောက်ရတာ ဖြစ်တဲ့အတွက်ကြေင့် တရားစီရင်မယ့် တရားသူကြီးတွေရဲ့ အရည်အချင်းသာမက စာရိတ္တပိုင်း စိတ်ချရသူတွေကို စိစစ်ရွေးချယ်ထားပြီး ဒီတရားစီရင်ရေးစနစ်မှာတော့ အရပ်ဘက်ဆိုင်ရာ ပြစ်မှုတွေနဲ့ စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေကိုပါ စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေတးအစိုးရ ရားစီရင်ရေး ဖော်ဆောင်မှုနဲ့ တရားရုံးများ စောင့်ကြည့်ထိန်းညှိရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက သံလွင်တိုင်းမ်ကိုဖြေကြားထားပါတယ်။

SHARE THIS NEWS

OTHER NEWS