26 April 2024

,

မတ်လ ၁၄ ရက်၊ ၂၀၂၂

ထိုင်းမှာ အဖမ်းဆီးတွေကြမ်းလာတယ်။ လူမောင်ခိုတင်ပို့တဲ့သူတွေကလဲ နည်းမျိုးနဲ့ ခေါ်လာတယ်။ ကားထဲမှာလှောင်ပိတ်ထားပြီး တရားမဝင်တွေကို တင်ခေါ်လာတာ အသီးအရွက်တွေကြားမှာထားပြီး တင်လာတာ။ ပြီးတော့ အမှိုက်ခြောက်တွေအောက်မှာ အိပ်ခိုင်းထားပြီး ခေါ်လာလို့ အဖမ်းခံရသတင်းတွေလဲ နေ့စဉ်ထွက်ပေါ်လာပါတယ်။

လွန်ခဲ့တဲ့မတ်လ ၁၃ ရက်နေ့က ဟိုင်းလတ်ကားတစ်စီးက အပေါ်မှာ ဖာအဟောင်း ပုလင်းထုပ်အဟောင်းတွေအပေါ်မှာထားပြီး အောက်မှာတော့ တရားမဝင်မြန်မာနိုင်ငံသား ၁၀ ခန့်ကိုအိပ်လျက်နဲ့တင်လာလို့ လမ်းတဝက်မှာ အဖမ်းခံလိုက်ရပါတယ်။

မတ်လ ၁၀ ရက်နေ့မှာလဲ ကားစင်းလုံးငှားပြီး အယုဒ္ဓယခရိုင်သို့ ဦးတည်သွားနေတဲ့ ဘတ်စ်ကားတစ်စီးကိုလဲ ထိုင်းနိုင်ငံ လန်းပန်းခရိုင်မှာ အဖမ်းခံလိုက်ရပါတယ်။ ကားပေါ်မှာ တရားမဝင်မြန်မာနိုင်ငံသား ၅၃ ဦးလိုက်ပါလာတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကုန်တင်ယာဉ်ကို အလုံပိတ်ထားပြီး တရားမဝင်မြန်မာနိုင်ငံသား ၈၀ ခန့်ကို တင်ဆောင်လာတဲ့ ဆယ်ဘီးကားတစ်စီးကို ချင်းမိုင်ခရိုင်ရဲ့တောစပ်တနေရာမှာ ဖမ်းမိထားပါတယ်။ ထိုင်းအာဏာပိုင်တွေသွားရောက်ဖမ်းစဉ် အထဲမှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈၀ ဦးထဲမှာ ကားက အလုံပိတ်ထားပြီး အထဲမှာလူအစုံအပြုံလိုက်နေခိုင်းပြီးတင်ထားတာကြောင့် လေကောင်းလေသန့်မရဘဲ အလွန်ပူပြင်းတာကြောင့် ချွေးသီးသီးကျတဲ့သူတွေရှိသလို၊ ပင်ပန်းနွမ်းနယ်နေတဲ့သူတွေနဲ့ အောက်စီဂျင် ကောင်းကောင်းမရလို့ မူးဝေနေသူနေတဲ့သူတွေလဲတွေ့ရတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုတင်ပို့မှုမျိုးဟာ ယခင်က ကွန်တိန်ထဲမှာ မြန်မာနိုင်ငံသားတွေ အောက်စီဂျင်ပြတ်လို့ အစုအပြုံလိုက်သေဆုံးမှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။

မတ်လ ၁၄ ရက်နေ့မှာလဲ မဲဆောက်တောင်ကြားလမ်း ဟွေ့ယားအူးစစ်ဆေးဂိတ်ကို ဖြတ်မောင်းလာတဲ့ အသီးအရွက်တင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို သံသယဖြစ်ဖွယ်ရာတွေကိုတွေ့လို့ အသီးအရွက်ကိုဖယ်ရှားပြီးစစ်ကြည့်လိုက်တော့ အထဲမှာ လူနေဖို့ထားပြီး ကားပေါ်မှာ တရားမဝင်မြန်မာနိုင်ငံသား ၅၃ ဦးအထိလိုက်ပါတယ်လို့ သိရပါတယ်။

.

MOU လုပ်သားတွေ ထိုင်းကိုပေးဝင်မယ်လို့ နှစ်နိုင်ငံစီစဉ်ဆောင်ရွက်နေပေမယ့်။ အခြားနိုင်ငံတွေ ဝင်ခွင့်ရပြီး မြန်မာနိုင်ငံကလုပ်သားတွေက ဝင်ခွင့်မရကြသေးပါဘူး။ နိုင်ငံရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းတွေမြင့်တက်နေမှုနဲ့ အလုပ်အကိုင်ရှားပါးနေမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို အလုပ်အကိုင်တစ်ခုရဖို့ အဆမတန်လမ်းစရိတ်တွေပေးပြီးလာခဲ့ကြရတာပါ။ ထိုင်းမှာလဲ အဖမ်းဆီးကကြမ်းလာတာကြောင့် လူတွေကိုနည်းစုံနဲ့ ပွဲစားတွေက ခေါ်လာကြတာဖြစ်ပါတယ်။

.

ဓါတ်ပုံ-ရွှေပြောင်းလုပ်သားတွေ အဖမ်းခံရတဲ့ပုံများ

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS