10 May 2024

ဧပြီလ ၈ ရက်နေ့မှာ ထိုင်းဗဟိုရဲဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ကရိစဏ ဖထနကျလိုမ် မှ အိမ်နီချင်းနိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို အဖမ်းဆီးဘေးမှ ကင်းလွတ်အောင် ပုလိပ်ကတ် တစ်ကတ်ကို ၃၅၀ ဘတ်ရောင်းပေးတယ်ဆိုတဲ့သတင်း ဟုတ်၊ မဟုတ် အမြန်ဖော်ထုတ်အရေးယူဖို့ မိန့်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ထိုသတင်းထွက်လာတာနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဘက်ကလည်း ဖြစ်စဥ်အမှန်ကိုစစ်ဆေးဖို့ မိန့်ကြားထားပါတယ်။ ထို့အပြင် လာဘ်စားတဲ့အရာရှိတွေ ပါဝင်ပတ်သက်တာ ရှိနေပါက ဥပဒေအတိုင်းအရေးယူသွားဖို့ ထိုင်းဝန်ကြီးကမိန့်ကြားထားပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ အဆိုပါသတင်းကပြန့်နှံ့သွားခဲ့တာပါ။ပုလိပ်ကတ် ၃၅၀ ဘတ်ရောင်းပေးနေတဲ့သတင်းကိုစစ်ဆေးဖို့ တာခ်ခရိုင် အစိုးရက ထိုင်း-မြန်မာနယ်စပ်နဲ့နီးစပ်တဲ့ မြို့နယ်ရဲစခန်းတွေဖြစ်တဲ့ မဲဆောက်ရဲစခန်း၊ မဲရမတ်ရဲစခန်း၊ အုန်းဖန်ရဲစခန်း၊ ဖုတ်ဖလရဲစခန်း၊ ထာ့ဆောင်ယမ်ရဲစခန်း၊ မယ့်မေရဲစခန်းဖြစ်ကြပါတယ်။ စစ်ဆေးချက်အဖြေကို ဧပြီလ ၁၁ ရက်နေ့မှာ ဗဟိုကိုတင်ပြပေးရမယ်လို့ သိရပါတယ်။

ထိုင်းဗဟိုရဲဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ကရိစဏ ဖထနကျလိုမ် မှဖြစ်စဥ်အမှန်ကိုသိနိုင်ဖို့ သက်ဆိုင်ရွာအဖွဲ့အစည်းတွေရဲ့တင်ပြချက်ကိုစောင့်ရမှာပါ။ အကယ်၍ ရဲအရာရှိတစ်ဦးဦးက ပါဝင်ပတ်သက်တာတွေ့ရင်တော့ ရာထူးကနေထုတ်ပယ်ခံရမည့်အပြင် ဥပဒေအတိုင်းဆက်လက်အရေးယူမယ်လို့ ပြောသွားပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – Matichon

SHARE THIS NEWS

OTHER NEWS