3 May 2024

ရုရှား၏ယူကရိန်းအပေါ်ကျူးကျော်စစ်ကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ရာ နိုင်ငံပေါင်း ၁၄၁ ခုက ကန့်ကွက်ရှုတ်ချ။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ၁၁ ကြိမ်မြောက် အရေးပေါ်အစည်းအဝေးတွင် ရုရှား၏ ယူကရိန်း အပေါ် ကြာသပတေးနေ့ကျူးကျော်စစ်နှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ

အနက် ၁၄၁ နိုင်ငံကကန့်ကွက်ရှုတ်ချကြောင်းမဲပေးခဲ့ပြီး ၅ နိုင်ငံကထောက်ခံမဲပေးခဲ့ရာ ၃၅ နိုင်ငံကကြား နေမဲပေးခဲ့သည်ဟု ကုလကဖော်ပြထားသည်။

ရုရှားတပ်များယူကရိန်းမှထွက်ခွာရန်အဆိုကို ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီထရီးယား စသည့် ၅ နိုင်ငံက ကန့်ကွက်မဲပေးခဲ့သည်ဟု သိရသည်။

 

 

တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံက ကြားနေမဲပေးခဲ့သည်ဟု ဖော်ပြထားသည်။

အာဆီယံနိုင်ငံများတွင် ဗီယက်နမ်နှင့်လာအိုနိုင်ငံတို့က ကြားနေမဲပေးခဲ့ပြီး မြန်မာနှင့်အခြားနိုင်ငံများက

ထွက်ခွာရန် ထောက်ခံမဲပေးသည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS