3 May 2024

တရားမဝင်မြန်မာတွေ တင်လာတဲ့ပစ်ကပ်ကားအပစ်ခံရလို့ လိုက်ပါလာတဲ့မြန်မာ ၁ ဦးသေဆုံးပြီး၊ အများအပြားကျည်ဒဏ်ရာတွေနဲ့ရသွားရပါတယ်။

တရားမဝင်မြန်မာ ၁၄ ယောက်ကိုတင်လာတဲ့ပစ်ကပ်ကားအပစ်ခံရပြီး ကားစီးလာတဲ့တရားမဝင်မြန်မာ အသက် ၃၅ နှစ်ကိုထိမှန်ပြီးသေဆုံးသွားပါတယ်။ ကျည်ဆံက ဦးခေါင်းမှာတစ်ချက်နဲ့နောက်ကျောမှာတစ်ချက်ထိမှန်ပြီး ကျော်ရဲအောင် သေဆုံးသွားတာပါ။

နောက်ထပ် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်လဲ ဒဏ်ရာရသွားပါတယ်။ ပစ်ကပ်ကားမှာလဲ တစ်စီးလုံးကျည်ထိမှန်တဲ့နေရာတွေများစွာတွေ့ရပြီး ပစ်ခတ်သူမည်သူမည်ဝါကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိသေးပါ။ အဲဒီနီးနားမှာပဲ ကျန်တဲ့ မြန်မာ ၁၀ ယောက်ကိုဖမ်းမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဝင်ဖမ်းစဥ်မှာ အားလုံးမှာအထိတ်တလန့်နဲ့ဖြစ်နေကြတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပါတယ်။

အခင်းဖြစ်ပွားတာက မေလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်ကလို့သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ပရကျွတ်ခီရီခမ်ခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဒဏ်ရာတွေနဲ့လူ ၃ ယောက်ကိုတော့ ပရာကျွတ်ခီရီခန်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ပစ်ကပ်ကားကို ဘယ်အဖွဲ့အစည်းကပစ်လိုက်တာကိုသိရှိနိုင်ဖို့လမ်းကြောင်းမှာတပ်ဆင်ထားတဲ့ CCTV ကင်မရာနဲ့ သေနတ်သမားတရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့လည်း သိရှိရပါတယ်။

ယခုလိုဖြစ်စဥ်နဲ့တူတဲ့ တရားမဝင်လုပ်သားတွေတင်လာပြီး၊ ကားတိမ်းမောက်မှုဖြစ်ပွားကား သေဆုံးမှုတွေမကြာခဏဖြစ်ပေါ်နေပါတယ်။ အယုဒ္ဓယခရိုင်မှာတစ်ကြိမ်ကားမောက်ပြီး မြန်မာ ၃ ထက်မနည်းသေတယ်။ ကန်ကျန်ဘူရီခရိုင်မှာလဲ ကားမောက်ပြီး ၅ ယောက်လောက်သေသွားတယ်။ ယခုလဲထပ်ဖြစ်ပြန်ပြီးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။

ဒီအရေးကမကြာခဏဖြစ်ပွားတယ်ဆိုပေမယ့်။ ဖြေရှင်းဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းတွေမရှိသေးဘူး။ တရားမျှတမှုတွေရအောင်ကူညီပေးတဲ့အဖွဲ့အစည်းတွေလဲ မရှိသေးလို့ အလုပ်သမားအရေးသုံးသပ်သူတွေကပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS