26 April 2024

ဇွန်လ ၂၀ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံတွင် နှစ်အဆက်ဆက်က မူးယစ်ဆေးဝါးလို့ သတ်မှတ်ထားတဲ့ ဆေးခြောက်ရွက်တွေကို ဇွန်လ ၉ ရက်နေ့ကစပြီး တရားဝင်သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့နောက်ပိုင်းမှာလဲ ယခင်တုန်းကဆေးခြောက်ရွက်သုံးစွဲမှုဖြင့် ဖမ်းထားတဲ့ အကျဉ်းသား သုံးထောင်ကျော်ကိုလဲ လွတ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ထိုင်းမှာ မူးယစ်ဆေးဝါးနံပါတ် ၅ သတ်မှတ်ထားတဲ့ ဘိန်းစာရွက်တွေကို တရားဝင်သုံးစွဲခွင့်ပြုတဲ့အပြင် ဇွန်လမှာလဲ ဆေးခြောက်ရွက်ကိုတရားဝင်ခွင့်ပြုပေးမှုအပေါ် ထင်မြင်ချက်အမျိုးမျိုးဖြင့် ထိုင်းလူမှုကွန်ယက်တွေကဝေဖန်ရေးသားလာတာကို တွေ့ရပါတယ်။

 

 

ဆေးခြောက်ရွက် ဆေးခြောက်ပင်တွေကို ထိုင်းအစိုးရက စိုက်ခွင့် သုံးခွင့်ပြုပြီနောက်ပိုင်း အလွန်အကျွှံသုံးစွဲသူရှိပြီး အသက်သေဆုံးမှုတွေလဲရှိလာပါတယ်။ ဆေးခြောက်ကိုအလွန်အကျွှံသုံးစွဲပြီး သေဆုံးမှုရှိလာတဲ့အပေါ်မှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်အနုထင် ကိုသတင်းထောက်တွေမေးမြန်းတဲ့အခါမှာ

 

 

“ဆေးခြောက်သုံးစွဲလို့သေတယ်လို့မေးလာရအောင် ခင်ဗျားတို့အနေနဲ့သေချာစုံးစမ်းပြီးပြီလား၊ သေဆုံးသူကိုစစ်ဆေးတော့ ဆေးခြောက်နဲ့အခြားဆေးတွေရောသုံးလို့သေတာလေ။ ဒါလဲနိုင်ငံရေးမှာအမြတ်ထုတ်ချင်တာလဲပါမှာပေါ့။ ဆေးခြောက်ရွက်ကိုတရားဝင်သုံးစွဲခွင့်ပေးတုန်းက အလွန်အကျွှံမသုံးစွဲရဘူး။ ဘယ်လိုလူတွေကသုံးလို့မရဘူး သတ်မှာထားတာရှိသလို၊ ပြီးတော့ ဆေးခြောက်ရွက်ရဲ့အာနိသင်တွေက အလွန်အကျိုးများတာကြောင့် တရားဝင်ခွင့်ပြုပေးလိုက်တာပါ” လို့ သတင်သမားတွေကိုပြောပါတယ်။

 

 

ဆေးခြောက်တွေကို အလွန်အကျွှံသုံးပြီးသေသွားသူက အသက် ၁၇-၂၀ နှစ်နဲ့ နောက်ထပ် ၃ ဦးမှာလဲ ဆေးခြောက်တွေကို အလွန်အကျွှံသုံးထားလို့ ဗန်ကောက်မြို့နယ်ထဲက ဆေးရုံးရဲ့ ICU အခန်းတွေမှာထားပြီးကုသပေးနေရပါတယ်။ ဇွန်လ ၉ ရက်နေ့နောက်ပိုင်းမှာ ဆေးခြောက်သုံးလို့သေဆုံးသူ ၁ ယောက်နဲ့ ကုသမှုခံယူနေတဲ့သူ ၃ ယောက်လောက်ရှိနေပြီး၊ သူတို့တွေအသက်က ၁၇-၂၀ ဝန်းကျင်လောက်မှာပဲရှိတယ်လို့ လက်ရှိမြို့တော်ဗန်ကောက်ကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ခွန်ချာချာ့ကပြောပါတယ်။

 

 

“ဟုတ်တယ် ဆေးခြောက်ကြောင့် ၁ ယောက်တော့သေပြီ၊ ၃ ယောက်တော့ ဆေးရုံရဲ့ အထူးလူနာဆောင်မှာထားပြီးကုသနေရတယ်။ သေဆုံးသူကတော့ မြို့တော်ဗန်ကောက် ကျလိုမ်ကလုန်လမ်းမှာနေထိုင်တဲ့ ၁ သူပါ” လို့ ခွန်ချာချာ့က ဗန်ကောက်အစိုးရရဲ့ အစည်းဝေးပြုလုပ်နေတုန်းမှာပြောသွားတာပါ။

ထိုင်းအစိုးရက ဆေးခြောက်ကိုတရားဝင်ခွင့်ပေးလိုက်ပြီနောက် စားသောက်ဆိုင်တွေမှာ ဆေးခြောက်ရွက်တွေကြော်ရောင်းတာတွေ၊ ကော်ဖီထဲထည့်ဖျော်တာတွေ၊ ဟင်းရည်တွေမှာထည့်ပြုတ်ထားတာတွေရှိလာပြီး၊ ကလေးနဲ့ကိုယ်ဝန်ဆောင်ထားသူတွေ စားသုံးရန်မသင့်တာကြောင့် သူတို့အတွက်ရှာဖွေစားသောက်ရတာ နေရာကျင်းလာတယ်လို့ ပြောဆိုနေသူတချို့လဲရှိလာပါတယ်။

တချို့စားသောက်ဆိုင်တွေမှာဆို ဒီဆိုင်တွင် ဆေးခြောက်နဲ့ကင်းစင်ကြောင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ကလေးငယ်တွေ စိတ်ချလက်ချလာရောက်အားပေးနိုင်ကြောင်း ကျော်ညာဆိုင်းဘုတ်တွေ ဆိုင်ရှေ့မှာကပ်ထားသည့်အထိရှိလာပါတယ်။

ဆေးခြောက်ပါတဲ့ ဟင်းရည်တွေကို စားသုံးမိတဲ့ထိုင်းအမျိုးသမီတစ်းဦးမှာ အစာအဆိပ်သင့်ခဲ့တဲ့သတင်းတွေလဲတွေ့ရပါတယ်။ ထိုနောက် ထိုင်းစာသင်ကျောင်းတွေမှာလဲ ဆေးခြောက်နဲ့ဘေး ပညာပေးသင်တန်းတွေ သင်ကြားပေနေတာတွေရှိသလို၊ ဆေးခြောက်ကနေတဆင့် ဝင်ငွေတွေရအောင် ဘယ်လိုနည်းနဲ့ လုပ်ဆောင်ရမလဲ သင်တန်းတွေလဲ သင်ပေးနေတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS