26 April 2024

အယုဒ္ဓယတွင် အစ်မအရင်းဖြစ်သူကို ရေချိုးခန်တွင်ဗီဒီယိုချောင်းရိုက်ပြီးနောက် အစ်မဖမ်းမိသွား၍ အဖေနှင့်အမေတို့ကို တိုင်မည်ကိုစိုးရိမ်စိတ်ကြောင့် မောင်ဖြစ်သူ အဆုံးစီရင်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အယုဒ္ဓယခရိုင်၊ အယုဒ္ဓမြို့နယ်၊ ပရတူချိုင်ကျေးရွာအုပ်စုရှိခရိုင်ခရီးသွားလာရေးသတင်းအချက်အလက်စင်တာအဆောက်အဦးပေါ်မှ လူတစ်ဦးခုန်ချပြီးမိမိကိုယ်ကိုအဆုံးစီရင်သည်ဟု သတင်းရရှိပြီးနောက် ဗုဒ္ဓစဝန်းဖောင်ဒေးရှင်းဝန်ထမ်းများက အခင်းဖြစ်ပွားရာသို့ အားချင်းသွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းသွေးယိုဒဏ်ရာဖြင့်လဲနေသည့်လူငယ်တစ်ဦးကိုတွေ့ရှိရပြီး ခရိုင်ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပေးခဲ့သည်ဟု မတစ်ချွန်သတင်းဌာနကဖော်ပြထားသည်။

အစ်မဖြစ်သူကိုရေချိုးခန်းတွင် ဗီဒီယိုချောင်းရိုက်ပြီးနောက် အစ်မဖမ်းမိသွား၍ မိခင်နှင့်ဖခင်ဖြစ်သူတို့ကို တိုင်တန်းမည်ကိုစိုးရိမ်၍ စိတ်ဖိစီးမှုဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့ မနက် ၇ နာရီခန့်တွင် ခရိုင်ခရီးသွားလာရေးသတင်း အချက်အလက်စင်တာသို့ မော်တော်ဆိုင်ကယ်မောင်းနှင်လာပြီးနောက် ဒုတိယအထပ်သို့ တက်သွားပြီး မိမိကိုယ်ကိုအဆုံးစီရင်ရန် ခုန်ချခဲ့သည်ဟု အသက် ၁၉ နှစ်ရှိသူက ထွက်ဆိုသည်။

 

 

ကျောင်းကားမောင်းပို့ပြီးနောက် မြို့တော်ခန်းမအဆောက်အဦးဟောင်းအနောက်ဘက်တွင် အမှိုက်သွားပစ်စဉ် လဲနေသည့်လူတစ်ဦးကလက်ရမ်းပြီးအကူအညီတောင်းနေသည်ကိုတွေ့ရှိ၍ အရက်မူး နေသည်ဟုထင်ကာ အနားသို့သွားရောက်ကြည့်ရှုခဲ့ပြီး ဦးခေါင်းတွင်သွေးယိုနေသည်ကိုတွေ့ရ၍ကာယကံရှင်ကိုမေးမြန်းရာ ခုန်ချလာသည်ဟုသိရပြီးနောက် နာရေးကူညီမှုအသင်းထံအသိပေးခဲ့သည်ဟု အသက် ၅၆ နှစ်ရှိ မွန်တြီ ဇလသုခ ကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS