9 May 2024

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၀ ရက် မနက် ၃.၀၀ နာရီအချိန် ခန့်က ပရာကျင်ဘူရီခရိုင်တွင် တရားမဝင် ကမ္ဘာဒီးယားလုပ်သား ၇ ဦးကိုတင်ဆောင်လာတဲ့ ဟိုင်းလပ်ကားတစ်စီးနှင့် သစ်တွေတင်ဆောင်လာတဲ့ ကုန်တင်ကား တိုက်မိ၍ ကားသမားအပါအဝင် ၄ သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

 

 

အဆိုပါဟိုင်းလပ်ကားဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဖြစ်တဲ့ စရကဲ့ယောက်ခရိုင်ကနေ တရားမဝင် ကမ္ဘောဒီးယား လုပ်သား ၇ ဦးကို ချချင်ဆောင် ခရိုင်သို့ ပို့ဆောင်ပေးရန် မောင်းနှင်လာတာ ဖြစ်ပြီး ပရာကျင်ဘူရီခရိုင်သို့အရောက်တွင် အရှေ့မှာမောင်းနှင်နေတဲ့ သစ်တင်ကားကို မမြင်ဘဲ ဝင်တိုက်မိရာက ကားသမားအပါအဝင် သေဆုံးသူ ၄ ဦးရှိခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

 

 

ဒဏ်ရာရသူတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံကို အချိန်မီပို့ဆောင်ပေးနိုင်ခဲ့လို့ အသက်ရှင်လျက်ရှိတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS