4 May 2024

,

အိုလံပစ်ရွှေတံဆိပ်ဆုရှင် ထိုင်းတိုင်ကွမ်ဒိုမယ် နောင်းတင်းနစ် သုံးနှစ်ဆက်ရွှေတံဆိပ်ဆွတ်ခူး

ယမန်နေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တိုင်ကွမ်ဒိုဖိုင်နယ်ပွဲစဉ်မှာ ၂၀၂၂ တိုကျိုအိုလံပစ် ရွှေတံဆိပ်ဆုရှင် ထိုင်းတိုင်ကွမ်ဒိုမယ် နောင်းတင်းနစ်က မြန်မာတိုင်ကွမ်ဒိုမယ်ကို ၂၉-၀ မှတ်နဲ့အပြတ်အသတ် အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲပထမအဆင့်မှာ ဘိုင်ရထားတဲ့နောင်းတင်းနစ်ဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဗီယက်နမ် ကစားသမားကို ၂၄-၄ မှတ်နဲ့အနိုင်ယူခဲ့ပြီး ဖိုင်နယ်ကိုတက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

ပြီခဲ့တဲ့ မလေးရှားဆီးဂိမ်းနဲ့ဖိလစ်ပိုင်ဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ဆွတ်ခူးထားနိုင်ခဲ့တဲ့အတွက်သုံးနှစ်ဆက်ချန်ပီယံဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဗိုလ်ရာထူးကိုချီးမြှောက်ခြင်းခံထားရတဲ့ နောင်တင်းနစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က world grand prix ပြိုင်ပွဲမှာ တောင်ကိုရီးယား ကစားသမား ခင်ချုံဟွေ ကို ၈-၁၀ မှတ်နဲ့ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်း ရှုံးပွဲမရှိရပ်တည်လာတာ ၁၂၇၅ ရက် (၃ နှစ် ၅ လ ၂၆ ရက်) ရှိပြီဖြစ်သလို ပွဲစဉ်အားဖြင့် ၃၆ ပွဲရှိလာပြီဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS