3 May 2024

ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁၀ ဦးကို မြန်မာ-ထိုင်းနယ်စပ်ကန်ကျနဘူရီခရိုင်က ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရ!

 

 

ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁၀ ဦးကို မြန်မာ-ထိုင်းနယ်စပ်ကန်ကျနဘူရီခရိုင်က ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။

 

 

မြန်မာနိုင်ငံသား တစ်ရာကျော်ကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ၅ အုပ်ခွဲဖမ်းမိတာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသား ၁၁၀ ဦးမှာ ကျား ၇၅ ဦး၊ မ ၃၅ ဦး ပါဝင်ပါတယ်။

 

 

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ ပြောပြချက်အရ ကျမတို့နိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်တယ်၊ နိုင်ငံရေးကလဲ မကောင်းတော့ အလုပ်အကိုင်မရှိကြဘူး။ အဲဒါကြောင့် ပွဲစားကို တစ်ဦးလျှင် ၂၅၀၀၀ ဘတ်ငှားပြီး၊ ထိုင်းကိုလာဖို့ ရွေးချယ်လိုက်တာလို့ ပြောပါတယ်။ ထိုနောက် ထိုင်းကိုတရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူဆောင်ရွက်ဖို့ ကန်ကျနဘူရီခရိုင် ရဲစခန်းမှာဖမ်းထားလိုက်တယ်လို့ သိရပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

ภาพจาก-ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

#Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK##Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS