3 May 2024

ဇူလိုင် ၂၅ ရက်၊ ၂၀၂၂

ရေခဲစက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးလာတဲ့ကား ရေစီးသန်တဲ့နေရာကိုဖြတ်မောင်းလို့ လမ်းဘေးကရေမြောင်းထဲကျသွားပြီး ရေထဲမျောပါ ပျောက်ဆုံးနေမြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်ကို ကယ်ဆယ်ရေးသမားတွေကရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

အသက် ၄၁ ထိုင်းကားသမားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ဘန်ဘွန်မြို့ (Ban Bueng) သို့ရေခဲသွားရောက်ပို့ဆောင်ရန်လာတဲ့လမ်းမှာ ညတုန်းကမိုးသည်းထန်စွာရွာသွန်းထားတာကြောင့် ကားလမ်းမပေါ်ရေကျော်ပြီးစီးဆင်းနေတဲ့နေရာကိုဖြတ်မောင်းကြိုးစားနေတုန်းမှာ ရေစီးအားကြောင့် ကားတစ်စီးလုံးလမ်းဘေးကရေစီးသန်တဲ့နေရာကိုကျသွားခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာက မူ ၁၀ Khao Khan Song ကျေးရွာအုပ်စု၊ စီရာချာမြို့နယ် ချွန်ဘူရီခရိုင် ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ကားပြုတ်ကျတဲ့နေရာကို ကယ်ဆယ်ရေးသမားတွေရောက်လာပြီး ကားကိုဆွဲတင်ကာ ကားပေါ်မှာပိတ်မိနေတဲ့မြန်မာ ၂ ယောက်ကပျောက်ဆုံးနေပါတယ်။

ရေထဲကျပြီး​ပျောက်ဆုံး​နေတဲ့ မြန်မာလုပ်သား ၂ ​ယောက်ကို ရေငုပ်ရှာဖွေမှုတွေပြုလုပ်ရာ ၁ ​ယောက်ကို ပျောက်ဆုံးနေတဲ့နေ့ မနက် ၉ နာရီအချိန်လောက်မှာတွေ့ပြီး၊ နောက် ၁ ယောက်ကိုတော့ ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်ကရှာဖွေတွေ့ရှိခဲ့ပြီး၊ မြန်မာ ၂ ယောက်လုံးက အသက်မရှိကြတော့ပါဘူး။

ကိုချစ် ဇွဲကပင်မြေ ” ဓါတ်ပုံ – ข่าวสารชลบุรี-ระยอง

SHARE THIS NEWS

OTHER NEWS