29 April 2024

ထိုင်းတွင် လာမည့်ဧပြီ ၁ ရက်နေ့မှစ၍ စားသုံးကုန်အမျိုးအမည် ၄ ခု ဈေးမြင့်တက်မည်ဟု ထိုင်းလက်လီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဆို။

လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ခေါက်ဆွဲခြောက်ထုတ်ကုန်များအနက် အမှတ်တံဆိပ် ၂ ခုမှာ ၁ ဖာလျင်၁၀ ဘတ် သို့မဟုတ် ၁ ထုပ်လျင် ၂၅ ပြားဈေးမြင့်တင်ရောင်းချသွားမည်ဟု လက်လီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌကဆိုသည်။

သို့သော် လက်ကားလုပ်ငန်းရှင်များကိုရောင်းချေပေးသည့်လက်ကားဈေးနှုန်းကိုသာမြင့်တင်သွားမည်ဖြစ်၍ စားသုံးသူများကိုရောင်းချပေးနေသည့်လက်လီဈေးနှုန်းမှာ ပြောင်းလဲခြင်းရှိမည်မဟုတ်ဟု ဆိုသည်။

ထို့ကြောင့် လက်ကားလုပ်ငန်းရှင်များသည် ယခင်က ၁ ထုပ်လျင် ၁ ဘတ်အမြတ်အစွန်းရရှိရာက ၇၅ ပြားသာမြတ်တော့မည်ဟု ဆိုသည်။

 

 

ခေါက်ဆွဲခြောက်ထုတ်လုပ်သည့်အဓိကကုန်ကြမ်းများဖြစ်သော စားအုန်းဆီ နှင့် ဂျုံမှုန့်တို့ဈေးမြင့်တက် သွားခြင်းကြောင့် လက်ကားဈေးနှုန်းကိုမြင့်တင်လိုက်ခြင်းဖြစ်သည်ဟု ထုတ်လုပ်သူဘက်က အကြောင်း ပြချက်ပေးထားသည်ဟု ၎င်းကဆိုသည်။

ထို့ပြင် ထုပ်ပိုးကုန်ကြမ်းဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် ၁ ဖာလျင် ၇၀ ဘတ်မှ ၉၀ ဘတ်ဈေးမြင့်တင်ရောင်းချသွားရန် နို့ဆီကုန်အမှတ်တံဆိပ်တချို့က အဆိုပြုထားသည်ဟု ဥက္ကဋ္ဌကဆိုသည်။ အတည်ပြုခဲ့လျင် နို့ဆီ ၁ ဘူးလျင် ၂ ဘတ်ဈေးမြင့်တက်မည်ဟု ဆိုသည်။

တချိန်တည်းတွင် ၁ လီတာဝင်စားအုန်းဆီ ၁ ဘူးလျင် ၆၂ ဘတ်နှုန်းဖြင့်ရောင်းချသွားမည်ဖြစ်ပြီး တချို့သောငါးသေတ္တာကုန်အမှတ်တံဆိပ်များသည်လည်း ၁ ဘူးလျင် ၁၈ ဘတ် မှ ၂၂ ဘတ်နှုန်းဖြင့် ရောင်းချသွားမည်ဟု ဆက်လက်ပြောကြားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS