3 May 2024

အသက်မပြည့်ဘဲအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ ၁၀၀ ဦးခန့်မှာ မ​လေးရှား လူဝင်မှုကြီးကြပ်ရေးရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်ဟု Migrant Times ကဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံ Pahang ပြည်နယ် Kuantanမြို့မှာ အသက်မပြည့်သေးဘဲ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံခြားသားလုပ်သား ၁၂၀ ကျော်လောက်က အဲဒီနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ကဖမ်းဆီးအရေးယူလိုက်တာဟု ဆိုပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ကြာသပတေးနေ့မှာ မလေးရှားလူဝင်မူကြီးကြပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စီမံချက်နဲ့ဝင်ရောက်ရှာဖွေရာမှာ အသက်မပြည့်ဘဲ အလုပ်လုပ်နေတာတွေ့ရှိခဲ့လို့ ဖမ်းဆီးလိုက်တာပါ အဖမ်းခံရတဲ့ လူ ၁၂၀ ကျော်မှာ အများစုက မြန်မာလုပ်သားတွေ ဖြစ်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“သူတို့တွေက အလုပ်သမားတန်းလျားမှာ စုပြီးနေကြတာ ရုတ်တရက်ဝင်ဖမ်းလိုက်တော့ ၁၀၀ ကျော်လောက်ပါသွားတယ်။ ယခုတလော မလေးရှားမှာအဖမ်းအဆီးတွေအတော်ကြမ်းတယ်။ ကျနော်တို့ တရားဝင်သမားတွေတောင် အပြင်ထွက်ရင် မကြာခဏအစစ်ဆေးခံရတယ်။ တရားမဝင်နေထိုင်တယ်ဆိုရင်တော့ ဘယ်မှ မသွားတာအကောင်းဆုံးဟု” မလေးရှားမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက Myanmar Live ကိုပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဒီနှစ်လယ်ပိုင်းကစပြီးတရားမဝင်လုပ်သားတွေကို စီမံချက်နဲ့ ဆက်တိုက်ရှာဖွေဖမ်းဆီးမူတွေလုပ်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းကပဲ အဲဒီနိုင်ငံမှာရွေးကောက်ပွဲလုပ်ခဲ့ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် မြန်မာလုပ်သားတွေ သတိထားသွားလာဖို့ လူမှုအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

.

Ref: Migrant Times

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS