3 May 2024

ဧပြီ ၁ ရက်နေ့ကစ၍ ကားလက်မှတ်များကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိသူများကိုသာ လက်မှတ်ရောင်းချရန် ရန်ကုန်တိုင်းစစ်ကောင်စီလက်အောက်ခံ ပုဂ္ဂလိသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ YRTC က ညွှန်ကြားလိုက်ပါတယ်။

မှတ်ပုံတင်မရှိရင် ကားလက်မှတ်ဝယ်ယူလို့မရပါဘူး အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားစခန်း၊ ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နား စခန်းရှိ ရန်ကုန်တိုင်းအခြေပြုယာဥ်လိုင်းများအား လုံးအနေဖြင့် ခရီးသွားမည့်သူများကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံ တင်)ရှိမှသာ ကားလက်မှတ် ရောင်းချရမည်ဖြစ်ပြီး မှတ် ပုံတင်ပြသနိုင်မှသာ ကားစီးနင်းခွင့်ပြုရန် မတ်လ ၂၅ ရက်နေ့က ညွှန်ကြားထားတာပါ။

အကယ်၍ မှတ်ပုံတင်မပါရှိဘဲကားစီးနင်းလာပါက စစ်ကောင်စီ စစ် ဆေးရေးဂိတ်များနှင့်တွေ့ရှိလျှင် ဖမ်းဆီးခြင်းခံရမည်ဟုလို့ Ayeyarwaddy Times သတင်းဌာနကဖော်ပြထားပါတယ်။

Ref: AyeyarwaddyTimes

ဓါတ်ပုံ – dokonews

SHARE THIS NEWS

OTHER NEWS