17 May 2024

မိမိဆင်းကတ်များကို ဇန်နဝါရီ ၃၁ မတိုင်မီ နာမည်မှတ်ပုံတင်နံပါတ်အမှန်နဲ့ ပြင်ဆင်ဖို့ စစ်ကောင်စီထုတ်ပြန်

————————————-

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၂

.

ဖုန်းဆင်းကတ်တွေကိုမှတ်ပုံတင်ရမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် စတဲ့လာမည့် ဇွန်နဝါရီလ ၃၁ မတိုင်မီ မိမိတို့သုံးစွဲနေတဲ့ ဖုန်းဆင်းကတ်တွေကိုမှတ်ပုံတင်ရမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် စတဲ့အချက်အလက်တွေကို မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်ကို ဘီဘီစီက ဖော်ပြကထားပါတယ်။

အဲဒီနောက်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ national database နဲ့အချက်အလက်တွေကိုတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကိုပိတ်သိမ်းသွားမယ်လို့ လည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လဝက ဝန်ကြီးဌာနဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပိုပြီးကိုင်ဆောင်သူတွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီးနီးစပ်ရာ လဝက ရုံးတွေမှာ လာရောက်အပ်နှံဖို့ ထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို နည်းလမ်းပေါင်းစုံကနေ စိစစ် ထိန်းချုပ်မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။ ဖုန်းဆင်းကတ်ကအချက်အလက်တွေတင်မကဘဲ၊ မိုဘိုင်းဘဏ်စနစ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလိုအချက်အလက်တွေကိုပါ အမှန်ပြင်ကြဖို့ စစ်ကောင်စီကဆက်တိုက် ထုတ်ပြန်နေတာဖြစ်ပါတယ်။

Ref: BBC

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS