29 April 2024

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂

နှစ်ကုန်တော့မယ်ဆိုတော့ အလုပ်သမားတွေ ဘောနပ်စ်လိုချင်ကြမှာပဲ၊ ဒါပေမဲ့ အလုပ်ရှင်ဘက်ကမျက်နှာထားတည်တည်နဲ့ ဘောနပ်စ်မပေးရင် ဥပဒေနဲ့မကင်းဖြစ်နိုင်လား? အားလုံးအတွက်အဖြေရှာလာပေးပါတယ်။

နှစ်ကုန်ပြီဆိုရင် အချို့အလုပ်သမားတွေမှာ ထူးထူးဆန်းဆန်းအပြောင်းအလဲရှိလာပေမယ့်၊ အချို့အလုပ်သမားတွေမှာတော့ ဘာမှအပြောင်းအလဲမရှိတဲ့အပြင်၊ မိမိအလုပ်ရှင်ထံမှာ ဘာမှမျော်လင့်ချက်တွေမရခဲ့ကြပါဘူး။ တချို့အလုပ်ရှင်တွေဆိုရင် ဘောနပ်စ်ထုတ်ပေးရမှာကြောက်လို့ နှစ်ကုန်ရက်နီးလာလေ ပျောက်လေ ၊ပျောက်လေနဲ့ နှစ်သစ်လဲကူး အလုပ်ရှင်လဲပျောက်သွားတော့တာပါပဲ။

နှစ်သစ်ကူးကာလဲပြီး အလုပ်တွေပြန်ဖွင့်တော့ ဘာမှမဖြစ်သလို အချို့အလုပ်ရှင်တွေက မျက်နှာထားတည်တည်နဲ့ လုပ်ငန်းခွင့်ထဲကို ရောက်လာကြတယ်။ အလုပ်သမားတွေရဲ့မျက်နှာကိုလဲ မကြည့်ရဲခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေရဲ့ မျက်နှာပေါ်မှာ ဘောနပ်စ်ပေးပါလို့ စာနဲ့ရေးမထားရင်တောင် ပေါ်ပေါ်လွင်လွင်မြင်နေရလို့ပါ။

TOYOTA GOSEI ကုမ္ပဏီဆိုရင် အလုပ်သမားတွေကို ဘောနပ်စ် ၄ လစာပေးတယ်။ ISUZU ဆိုရင် ၆ လစာနီးပါး အလုပ်သမားတွေကို ဘောနပ်စ်ထုတ်ပေးတယ်။ HINO ဆိုရင် ၈ လစာနည်းပါးပေးတယ်။ မနာလိုဖြစ်တာတော့အမှန်ပါ။

အမှန်မှာဆို ဘောနပ်စ်က တရားဥပဒကပေးရမယ်လို့ ရေးဆွဲထားတာမရှိပါဘူး။ တစ်နှစ်တာ ကုမ္ပဏီတစ်ခုချင်းစီရဲ့ အကျိုးအမြတ်တွေထဲက အလုပ်သမားတွေကို ဂုဏ်ပြုကြတာပါ။ အကျိုးအမြတ်အပေါ်မှာမူတည်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ဘောနပ်စ်ထုတ်မပေးရင်အရေးယူလို့မရပါဘူး။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS