10 May 2024

,

ထိုင်းအပြေးသမားတစ်ဦးက ၂၄ နှစ်ကြာတင်ထားတဲ့စံချိန် ၂ ခု ၂ ရက်ဆက်တိုက်စံချိန်ချိုးခံရ။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း စီးစကက်ခရိုင်မှာကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် ထိုင်းအမျိုးသားအားကစား ပြိုင်ပွဲမှာ ထိုင်းအပြေးသမားတစ်ဦးက ၂၄ နှစ်ကြာတင်ထားတဲ့စံချိန် ၂ ခုကို ထိုင်းသွေးသစ်အပြေးသမား  “ဗြူ” စံချိန်ချိုးနိုင်။

ဘရူနိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၁၉၉၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ ထိုင်းအပြေးသမား ရင်းချိုင် စီးဟဝန် က အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲမှာ အချိန် ၂၀.၆၉ စက္ကန့်နဲ့တင်ထားတဲ့စံချိန်ကို အသက် ၁၆ နှစ်သာရှိသေးတဲ့ စမွတ်ပရာကန်ခရိုင်က ထိုင်းသွေးသစ်အပြေးသမား “ဗြူ” က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက် စီးစကက်ဂိမ်းပြိုင်ပွဲမှာ အချိန်၂၀.၅၈ စက္ကန့်နဲ့ပန်းဝင်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၁၀.၁၉ စက္ကန့်နဲ့ပန်းဝင်ပြီးရင်းချိုင် စီးဟဝန် ရဲ့စံချိန်ကိုချိုးထားတာလည်းဖြစ်ပါတယ်။

ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS