16 January 2025

စစ်ဘေးရှောင်တွေကို ရေလှူဖို့သွားတဲ့ကား ၇ စီး ထိုင်းစစ်တပ်ဂိတ်က ပေးမသွားလို့ ပြန်လှည့်လာခဲ့ရတယ်လို့ မဲဆောက်ကစစ်ဘေးရှောင်တွေကို လိုက်ကူညီပေးတဲ့အဖွဲ့ ထံကသိရပါတယ်။

” ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ကျနော်တို့အဖွဲ့တွေ မဲ့ကိုကင်းရွာရဲ့တဖက်ကမ်း မြန်မာဘက်ခြမ်း သောင်ရင်းမြစ်တလျှောက်မှာ စစ်ရှောင်နေရတဲ့သူတွေကို ရေနဲ့အခြားပစ္စည်းတွေလှူဖို့ ကား ၇ စီးလောက်သွားတယ်။ မဲ့ကိုကင်းအလွန်က ထိုင်းစစ်သားဂိတ်က ပေးမသွားတော့ လှည့်ပြန်လာလိုက်ရတယ်။ အဲဒီနားတဝိုက်က စစ်ရှောင်ဦီးရေ ၅၀၀၀ ကနေ ၆၀၀၀ ဦးလောက်က သောက်ရေအခက်ခဲဖြစ်နေတယ်” လို့ မဲ့ဆောက်မြို့နယ်က စစ်ဘေးရှောင်တွေ ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

နေ့စဥ်စစ်ရှောင်ဦးရေတွေ တိုးလာတာနဲ့အမျှ သူတို့တွေအတွက် ရေနဲ့အစားအသောက်တွေ၊ ဆေးဝါးတွေကအစလိုအပ်နေတာပါ။ တချို့မိသားစုတွေဆို နေအိမ်တွေရာနဲ့ချီ မီးရှို့ခံနေရတယ်။ ဒီကာလမှာ မီးရှို့ခံရတဲ့ အိမ်တွေပြန်ဆောက်ဖို့ မပြောပါနဲ့ ထမင်းနပ်မှန်စားနိုင်ဖို့ မနည်းလုပ်နေရပါတယ်။

တချို့မိသားစုတွေဆိုရင် လှူပေးသူရှိမှ အဆင်ပြေတာပါ။ အလှူရှင်တွေမရှိတော့ရင် ဘာလုပ်ဘာကိုင်ရမလဲဖြစ်နေတဲ့အချိန်ပါ။ ဘာကြောင့်လဲတော့ နေအိမ်တွေမက လုပ်စားကိုင်စားလို့ရတဲ့ အရာတွေကိုမီးလောင်သွားတော့ သူတို့တွေ ဘယ်လိုပြန်စရမလဲ ဖြစ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ စစ်ရှောင်နေရတဲ့သူတယောက်က Myanmar Live ကိုပြောပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS